Blogger Widgets

Sunday, 23 June 2013

ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ တောင်ရမ်းခိုင်းစေမှုများ လျော့နည်းသွားရန် လူမှုဝန်ထမ်းများအား မြို့နယ်အဆင့်အထိ ခန့်အပ်သွားမည်

dagon-june23
ဒဂုံအရှေ့ ကျူးကျော်တဲများရှိ ကလေးများကို ဇွန် ၁၉ ရက်က တွေ့ရစဉ်
ကလေးသူငယ်များ ညှဉ်းပန်းနှိပ်စက်မှု၊ တောင်းရမ်းခိုင်းစေမှုအား လျော့နည်းသွားရန်အတွက် အမျိုးသားအဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၏ ပြောကြားချက်အရ သိရသည်။
ယင်းအပြင် တိုင်းအဆင့်ထိသာရှိသော လူမှုဝန်ထမ်းများအား မြို့နယ်အဆင့်ထိပါ ခန့်အပ်သွားရန်ပါ စီစဉ်နေပြီး ကလေးငယ်များအတွက် မှုခင်းအခြေအနေ ဖြစ်ပွားပါက ရှေ့နေများပါ ထားရှိရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပိုင်းအတွင်း ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုများမှာ နယ်မြို့များအပြင် ရန်ကုန်မြို့ထိ ကျယ်ပြန့်လာပြီး တောင်းရမ်းခိုင်းစေမှုများ အများအပြား ရှိလာမှုမှာ ဥပဒေကို နားလည်မှု မရှိသေးသော အုပ်ထိန်းသူများကြောင့်ဖြစ်ကြောင်း ဦးအောင်ကျော်မိုးထံမှ သိရသည်။
"ကျွန်တော်တို့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး စောင့်ရှောက်ဖို့အတွက် အန်ဂျီအို အဖွဲ့တွေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသင်းတွေနဲ့ ပူးပေါင်းပြီး သင်တန်းတွေ ပို့ချမှုတွေ ပြုလုပ်နေတယ်။ ဒါပေမဲ့ ထိရောက်မှုတွေတော့ အားနည်းနေပါတယ်" ဟု ဦးအောင်ကျော်မိုးက ပြောကြားသည်။
ယခုအခါ ကလေးသူငယ် ပြုစုရေးဌာန ငါးခု၊ မူလတန်းကြိုကျောင်း ၆၈ ကျောင်းကို လူမှုဝန်ထမ်း ၀န်ကြီးဌာနမှ ဖွင့်လှစ်ထားပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်း ၇၂၀ ရှိပြီး ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
၁၉၉၃ ခုနှစ်က ထုတ်ပြန်ထားပြီးဖြစ်သော ကလေးသူငယ် အက်ဥပဒေအရ သာမန်ဆိုဆုံးမမှုထက်ပိုသော ဒဏ်ရာများ ရရှိခဲ့ပါက အုပ်ထိန်းသူအား ထောင်ဒဏ်နှစ်နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top