Blogger Widgets

Thursday, 23 May 2013

အုတ်ဖိုမြို့နယ်တွင် မြေအက်ကွဲမှုဖြစ်ပွား

၂၂-၅-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖလံပင်ကျေးရွာနေ ဦးမြင့်ငွေ(၆၀)နှစ်၏နေအိမ်နောက်ဖေး တလင်းတွင် မြေအက်ကွဲမှုဖြစ်ကြောင်း ဖလံပင်ကျေးရွာအုပ်ချုပ်ရေးမှူးက အုတ်ဖိုမြို့မရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြား ခဲ့သဖြင့် အုတ်ဖိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အရှည် ၅၀ ပေခန့်၊ အကျယ် ၁၂ လက်မခန့်မှ ၂၀ လက်မခန့်၊ အနက် ၆ ပေခန့်ရှိ မြေအက်ကွဲမှုဖြစ်နေကြောင်းတွေ့ရှိရပြီး လူ/တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top