မိုဘိုင်းဖုန်းဝန်ဆောင်မှုများအတွက် တယ်လီနော၏ တစ်နိုင်ငံလုံးကွန်ရက်
ချဲ့ထွင်မှုကို ထောက်ပံ့ကူညီ ပေးရန် Multi-vendor Managed Services အတွက်
ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့်ရရှိထားပြီ ဖြစ်သည်ဟု Ericsson ကုမ္ပဏီက မတ်လ
၃၁ ရက်က သတင်းထုတ်ပြန်သည်။ Ericsson အနေဖြင့် တယ်လီနော၏
ပြည်တွင်းကွန်ရက်ဆိုင်ရာ အရေးပါသော လုပ်ငန်းဖြစ်သည်Radio-Access Network
(RAN) နှင့် ဆက်စပ်သော ၀န်ဆောင်မှုလုပ်ငန်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်
သည်။ Ericsson Myanmar ၏ Country Manager Jan Wassenius က “တယ်လီနောအတွက်
ခိုင်ခန့်တဲ့ အခြေ ခံအဆောက်အအုံတွေကို ဖန်တီးပေးနိုင်မယ်ဆိုလို့
ယုံကြည်ပါတယ်။ ဒီဆက်သွယ်ရေးအခြေခံ အဆောက် အုံတွေ ဖြန့်ကြက်မှုက
တိုင်းပြည်ရဲ့ စီးပွားရေးအတွက်ရော၊ နိုင်ငံသားတွေရဲ့ ဘ၀အတွက်ပါ ကြီးမားတဲ့
အကျိုး သက်ရောက်မှုတွေ ရရှိစေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ဆိုသည်။
ထိုသို့ နက်ဝပ်တည်ဆောက်ရာတွင် သုံးစွဲသူများကို 2G နှင့် 3G
နှစ်မျိုးစလုံးပါဝင်သည့် အသံအရည် အသွေးကောင်းမွန်မည့် အင်တာနက်ချိတ်ဆက်မှု
မြန်နှုန်းမြင့်နှင့် Multi-Standard Networkတည်ဆောက် သွားမည်ဖြစ်သည်။
Multi-Stand-ard Network Solution ကို အနာဂတ်တွင် အဆင်မြှင့် (Upgrade)
နိုင်မည့် 2G နှင့် 3G ပစ္စည်းကိရိယာ တပ်ဆင်ပေးမှုများနှင့် Network
ဖြန့်ကြက်မှုများတွင် အသုံးပြု မည်ဖြစ်ပြီး GSM/WCDMA/HSPA , LTE, IP
အခြေခံသည့် သယ်ယူပို့ဆောင်ရေးစနစ်များနှင့်အခြား Operations Support
Systems တို့တွင် Fully Optimized RAN နှင့် ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်ဟု
လည်း Ericsson က ထုတ်န်ြသည်။ တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်
Mr.Petter Furberg က “ကျွန် တော်တို့ရဲ့ တယ်လီကွန်း နက်ဝပ်ကို ဖွံ့
ဖြိုးအောင် ဆောက်ရွက်နေချိန်မှာ Ericsson ကို global partner
အဖြစ်ထည့်သွင်းပြီး အလုပ်အတူတွဲလုပ်တာပါ။ Ericsson ကို Partner တွေကလည်း
ဒီအောင်မြင်မှု သမိုင်းမှာ အလွန်အရေး ပါပါတယ်”ဟု ပြောသည်။ တယ်လီနောသည်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက်များ တည်ဆောက်ရာတွင်
မိုဘိုင်းတာဝါတိုင် များ တည်ထောင်ရေးအတွက် စင်ကာပူရှိ Apolo Tower ကုမ္ပဏီ၊
Ayeyarwady Green ကုမ္ပဏီ တို့ကို ငှားရမ်းလုပ်ကိုင်ထားသည်။
ထို့ပြင်မိုဘိုင်းနက်ဝက်ချိတ်ဆက်မှုနှင့် နက်ဝပ်ပစ္စည်းများအတွက်Huawei?
Ericsson နှင့် Viom ကုမ္ပဏီတို့နှင့် ပူပေါင်းလုပ်ကိုင်သွားမည်ဟု
ပြောဆိုထားသည်။ ၂၀၁၂ ခုနှစ်တွင်Ericsson က မြန်မာနိုင်ငံ၏
မိုဘိုင်းလ်ဆက်သွယ်ရေး စီးပွာရေးအလားအလာကို အကဲ ဖြတ်နိုင်ရန် လေ့လာမှုတစ်ရပ်
ပြုလုပ်ထားခဲ့ပြီး ထိုလေ့လာချက်အရ အော်ပရေတာများကို လိုင်စင်ချပေး ပြီး
ပထမသုံးနှစ်ကာလကျော်လျှင် တိုင်းပြည်၏GDP သည် ၁ဒသမ၅ ရာခိုင်နှုန်းမှ
ကိုးရာခိုင်နှုန်းအထိ ကျော်လာမည်ဟု ခန့်မှန်းထားပြီး မိုဘိုင်းလ်ဆက်သွယ်ရေး
လုပ်ငန်းတွင် အချိန်ပြည့် ၀န်ထမ်းပေါင်း ၆၆,၀၀၀ ခန့်အထိ
အလုပ်အကိုင်ခန့်အပ်လာနိုင်မည်ဟုလည်း ဆိုထားသည်။

No comments :
Post a Comment