မြန်မာ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရှေ့ခရီးအကြောင်း
ဆွေးနွေးပွဲကို ဇွန် ၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ
ဘန်ကောက်ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသည် ၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံ
ကျင်းပနေစဉ် ကာလအတွင်း သီခြားဆွေးနွေးမှု တစ်ခုအနေဖြင့် ပြုလုပ်ခဲ့ခြင်း
ဖြစ်ပါသည်။
Media in Myanmar- Latest developments and the road ahead
ခေါင်းစဉ်ဖြင့် ပြုလုပ်သော ယင်းဆွေးနွေးမှုကို စင်ကာပူ အခြေစိုက်
Konrad-Adenauer-Stiftung ၏ အာရှမီဒီယာ အစီအစဉ် ညွှန်ကြားရေးမှူး Paul
Linnarz က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး Eleven Media Group ၏ CEO နှင့်
၂၀၁၃ ခုနှစ်အတွက် WAN-IFRA မှ ချီးမြှင့်သော ရွှေကလောင်ဆုရှင်
ဒေါက်တာသန်းထွဋ်အောင်၊ The Voice Daily ၏ အယ်ဒီတာချုပ်နှင့် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ မြန်မာစာနယ်ဇင်း
သမဂ္ဂအဖွဲ့ဝင်နှင့် သမဂ္ဂ သတင်းဂျာနယ် အယ်ဒီတာ ဦးဇော်သက်ထွေးနှင့် Creative
Media House မှ ဒေါ်မွန်မွန်မြတ်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်
ပါဝင်ခဲ့ကြပါသည်။
ရိုဟင်ဂျာ ကိစ္စကို ရှုမြင်ရာ၌ နှစ်ပိုင်းခွဲပြီး သီးခြားစီ ရှုမြင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းရှိ မြန်မာမွတ်စလင်များနှင့် တွဲဖက်ရှုမြင်ခြင်း မပြုလုပ်သင့်ကြောင်းနှင့် ရိုဟင်ဂျာ ကိစ္စရပ်သည် လူဝင်မှု ကြီးကြပ်ရေး ပြဿနာသာဖြစ်ကြောင်း . . . . . |
ဆွေးနွေးပွဲတွင် မြန်မာမီဒီယာလောက၏ လက်ရှိအခြေအနေ၊
အွန်လိုင်းမီဒီယာနှင့် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ၏ ရိုက်ခတ်မှု၊
လူ့စွမ်းအား ရင်းမြစ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင်
လူမှုကွန်ရက် ၀က်ဘ်ဆိုက်များနှင့် ၀ါဒဖြန့်ချိရေး သမားများ၏ ဆက်နွှယ်မှု၊
အစိုးရ၏ မီဒီယာအပေါ် သဘောထားများကို ဆွေးနွေးခဲ့သည်။
မြန်မာ မီဒီယာအကြောင်း ဆွေးနွေးပွဲသို့ နိုင်ငံတကာ ဂျာနယ်လစ်များနှင့်
နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခအချို့ တက်ရောက်ခဲ့ပြီး
မေးခွန်းမေးမြန်းမှုများလည်း ပြုလုပ်ခဲ့သည်။
ထိုမေးခွန်းများထဲတွင် ရိုဟင်ဂျာနှင့် ပတ်သက်သော မေးခွန်းလည်း
ပါဝင်ခဲ့ပြီး ယင်းမေးခွန်းကို ဒေါက်တာသန်းထွဋ်အောင်က ပြန်လည်ဖြေကြား
ခဲ့ပါသည်။
ရိုဟင်ဂျာ ကိစ္စကို ရှုမြင်ရာ၌ နှစ်ပိုင်းခွဲပြီး သီးခြားစီ ရှုမြင်ရမည်
ဖြစ်ကြောင်း၊ ပြည်တွင်းရှိ မြန်မာမွတ်စလင်များနှင့် တွဲဖက်ရှုမြင်ခြင်း
မပြုလုပ်သင့်ကြောင်းနှင့် ရိုဟင်ဂျာ ကိစ္စရပ်သည် လူဝင်မှု ကြီးကြပ်ရေး
ပြဿနာသာဖြစ်ကြောင်း အစရှိသဖြင့် ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲကို ဇွန် ၄ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ခြင်း

No comments :
Post a Comment