မြန်မာနိုင်ငံက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး
ရန်ကုန်မြို့အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့ တာမွေမြို့နယ်က အစ္စလာမ်
ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
အမေရိကန်စင်တာက iPACE ခေါ် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးေ ရး အဖွဲ့ တာဝန်ခံ ၂ ဦး အပါအ၀င် သင်တန်းသား ၂၂ ဦး နဲ့ အဲဒီ ဘာသာရေး ကျောင်း
တာဝန်ခံတို့ ဆွေးနွေးခဲ့ကြတာတွေ ကို ဆွေးနွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းမှု
တည်ဆောက်ရေးကွန်ယက် အဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က အခုလို
ပြောပါတယ်။
"အမေရိကန် စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
၂၀ လောက်ကို တာမွေက ဂျာမေဗလီမှာ နှစ်ဖက် လူ့အဖွဲ့အစည်းကြားမှာ
အမြင်မရှင်းတာတွေ၊နောက်ကွယ် က သွေးထိုးလှုံဆော်နေတာနဲ့ ပက်သက်လို့ ဂျာမေဗလီက
ဆရာကြီးဦးတင်မြင့်က ရှင်းပြပါတယ်။
iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစွာ အတူတကွ ငြိမ်းချမ်း စွာ နေ ထိုင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။
ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ
၊ ခရစ်ယာန်ဘာသာရေး ကျောင်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး
ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လဲ သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်စင်တာက iPACE ခေါ် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးေ
"အမေရိကန် စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊
iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးစ
ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတေ
ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ

No comments :
Post a Comment