အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုမှ အသွင်ကူးပြောင်းသည့် နိုင်ငံများတွင် တရားဥပဒေစိုးမိုးရေး ကျွမ်းကျင်ပညာရှင် Ms.Leanne Mckay
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မြန်မာနိုင်ငံအတွင်း တရားဥပဒေ
ပြန်လည်စိုးမိုးရေး လုပ်ဆောင်ချက်များအရ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင်
အဓိက တာဝန်ရှိနေသော်လည်း ရှေ့နေချုပ်ရုံးတွင် လုပ်ပိုင်ခွင့်နှင့် တရားဥပဒေ
စိုးမိုးရေး လုပ်ဆောင်ရန် လိုအပ်သော ၀န်ဆောင်မှုမရှိ ဖြစ်နေကြောင်း
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ အသွင်ကူးပြောင်းသည့် နိုင်ငံများတွင်
တရားဥပဒေ စိုးမိုးရေး ကျွမ်းကျင်ပညာရှင် Ms.Leanne Mckay က
ဝေဖန်ပြောကြားသည်။
''တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ရမယ့် တာဝန်က
ရှေ့နေချုပ်ရုံးမှာ ရှိတယ်။ ဒါပေမဲ့ ရှေ့နေချုပ်ရုံးမှာ လုပ်နိုင်တဲ့
လုပ်ပိုင်ခွင့် မရှိသလို လိုအပ်တဲ့ ၀န်ဆောင်မှုလည်း ရမထားဘူး။
အောက်လွှတ်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ
ရှိပေမဲ့ သူကလည်း အကြံပြုတာပဲ လုပ်နိုင်တယ်'' ဟု Ms.Leanne Mckay က
သုံးသပ်သည်။
အမေရိကန် အောက်လွှတ်တော်၏ ထောက်ပံ့မှုဖြင့် အသွင်ကူးပြောင်းစ နိုင်ငံများ၏
တရားဥပဒေ စိုးမိုးရေးအား ကူညီ လုပ်ဆောင်ပေးနေသည့် အမေရိကန် ငြိမ်းချမ်းရေး
အင်စတီကျု (United States Institute of Peace) အနေဖြင့်
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်ရန်
မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းခဲ့သည့် နိုင်ငံများဖြစ်သည့် လစ်ဗျား၊
ယီမင်၊ အီရတ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန် စသည့်နိုင်ငံများအား လေ့လာခဲ့သည့်
အပြင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအား ၂၀၁၂ နှစ်ဆန်းပိုင်းမှ
စတင်လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ ရန်ကုန်၊ နေပြည်တော်၊
မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများသို့ သွားရောက်၍
အစိုးရ အရာရှိများ၊ ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း
အစုံနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေးကို ရဖို့အတွက် အကျင့်ပျက် လာဘ်စားတဲ့ တရားသူကြီးတွေက အကြီးဆုံး အနှောင့်အယှက်လို့ ပြည်သူတွေက မြင်နေကြတယ်။ နှစ်ပေါင်းများစွာ အုပ်ချုပ်သူ လူတန်းစားရဲ့ အမိန့်နဲ့ တရားစီရင်လာတဲ့ တရားသူကြီးတွေမှာ ကိုယ်ပိုင်တရားစီရင်နိုင်တဲ့ အရည်အချင်း မရှိတော့တာကလည်း တရားဥပဒေ စိုးမိုးရေးကိုပိုပြီး အခြေအနေ ဆိုးစေပါတယ်... |
တရားဥပဒေ စိုးမိုးရေးတွင် အောက်ဆုံးအဆင့်၌ ရှိနေသော မြန်မာနိုင်ငံအား
လက်ရှိရပ်တည်မှုမှ မြင့်တက်စေရန် အစိုးရ တာဝန်ရှိသူများနှင့် အရပ်ဘက်
အဖွဲ့အစည်းများအား ၀ါရှင်တန်ဒီစီသို့ ခေါ်ဆောင်ပြီး သင်တန်းပေးမှုများ
ရှိနေသည့်အပြင် ရဲချုပ်၊ ရှေ့နေချုပ် စသည့် အဖွဲ့အစည်း
ခေါင်းဆောင်များနှင့်လည်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုနှင့် ထိတွေ့
ဆက်ဆံမှုများ ရှိနေကြောင်း သိရသည်။
''တရားဥပဒေ စိုးမိုးရေးကို ရဖို့အတွက် အကျင့်ပျက် လာဘ်စားတဲ့
တရားသူကြီးတွေက အကြီးဆုံး အနှောင့်အယှက်လို့ ပြည်သူတွေက မြင်နေကြတယ်။
နှစ်ပေါင်းများစွာ အုပ်ချုပ်သူ လူတန်းစားရဲ့ အမိန့်နဲ့ တရားစီရင်လာတဲ့
တရားသူကြီးတွေမှာ ကိုယ်ပိုင်တရားစီရင်နိုင်တဲ့ အရည်အချင်း မရှိတော့တာကလည်း
တရားဥပဒေ စိုးမိုးရေးကိုပိုပြီး အခြေအနေ ဆိုးစေပါတယ်'' ဟု Ms.Leanne Mckay က
ဆိုသည်။
အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့် မိမိဆန္ဒအား
ဖော်ထုတ်ခွင့် ရှိလာသော်လည်း နောက်ကြောင်းပြန်လှည့် လိုသူများ၏
လုပ်ဆောင်မှုများ ရှိနေသဖြင့် တရားသူကြီးများ အပါအ၀င် အရပ်ဘက် အဖွဲ့အစည်း
အချို့မှာ နောက်ကြောင်း ပြန်လှည့်ချိန်တွင် ယခုအချိန် ပြောဆိုမှုများအတွက်
အရေးယူခံရမည်ကို စိုးရွံ့နေကြသည့်အပြင် မြန်မာနိုင်ငံ၏ ဥပဒေပြုသူ၊
ပြဿနာများအား ဖြေရှင်းနိုင်သူအား ပြည်သူများ သိရှိမှု မရှိ၊
ဖြေရှင်းနိုင်သူမရှိ ဖြစ်နေကြောင်း Ms.Leanne Mckay က ပြောပါသည်။
မြန်မာနိုင်ငံတွင် ဥပဒေများစွာ ရှိနေသော်လည်း အသက်မ၀င်မှု၊ အချို့သော
ပြဋ္ဌာန်းဥပဒေများမှာ အင်္ဂလိပ်ခေတ် ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်၍ ပြည်သူများ
နားမလည်မှု၊ ပြည်ထောင်စုလွှတ်တော် ခေတ်၌ပင် ဥပဒေများ ရေးဆွဲရာ၌ ပြည်သူ့အသံ
မပါဝင်သဖြင့် ပြည်သူများ မယုံကြည်မှုများ ရှိနေကြောင်းလည်း သိရသည်။
ကျင့်သုံးနေသည့် ဥပဒေများ အမိန့်ကြေငြာစာများမှာ အမှန်တကယ် အသုံးဝင်မှု ရှိနေသော်လည်း ချောင်ထိုးထားပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားနေမှုများမှာလည်း တရားဥပဒေ စိုးမိုးရေးအား ပျက်ပြားစေနိုင်သည့် ကိစ္စရပ်များသာ ဖြစ်ကြောင်း... |
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေရခြင်းမှာ ပြည်သူများ
နေ့စဉ် ကြုံတွေ့နေရသည့် မြေယာသိမ်းဆည်းမှု ပြဿနာများ၊ သယံဇာတ အရင်းအမြစ်
အသုံးချမှု ပြသနာများ၊ ပညာရေး၊ ကျန်းမာရေး စသည့်အချက်များ ပါဝင်နေပြီး
အစိုးရအနေဖြင့် ပြည်သူများ၏ မိသားစုဘ၀ သာယာမှု၊ တိုးတက်မှုများအား
မျက်ကွယ်ပြုနေသည့်အပြင် ဥပဒေများ စနစ်များ ရေးဆွဲရန်သာ အားထုတ်နေသည့်အပြင်
အစိုးရနှင့် ပြည်သူအကြား ညှိနှိုင်းပေးနိုင်သည့် အရပ်ဘက် အဖွဲ့အစည်းများအား
အစိုးရ အနေဖြင့် အနှောင့်အယှက် ပေးသူများဟု မြင်နေခြင်းမှာလည်း တရားဥပဒေ
စိုးမိုးရေးအား ပျက်ပြားစေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ခြင်း
ပြသနာများမှာ ဥပဒေအား ကိုင်တွယ် အုပ်ချုပ်သူများကိုယ်တိုင် လိုက်နာနိုင်မှု
မရှိသော်လည်း ဥပဒေ ချမှတ်နိုင်သူများ ဖြစ်သဖြင့် ယင်းတို့ဆုံးဖြတ်သည့်
ဥပဒေအား ပြည်သူများမှ အခွင့်အရေးနှင့် ကြောက်ရွံ့မှုကြောင့် လိုက်လံလိမ်ညာ
ပေးရသည့်အပြင် ဥပဒေပြုသူများမှာ အစိုးရအလွှာမှ နီးစပ်သူများသာ ဖြစ်နေသဖြင့်
ဥပဒေပြုရာတွင် အဆိုပါ ပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှု ပါဝင်နေပြီး ပြည်သူလူထု၏
မြေပြင်ပကတိ ဘ၀နှင့် ကိုက်ညီအောင် ရေးဆွဲနိုင်မှု မရှိသဖြင့် ဥပဒေ
ပြုသူများမှာ ယင်းတို့၏ မှားယွင်းမှုအား မသိရှိနိုင် ဖြစ်နေကြောင်းလည်း
အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးက
သုံးသပ်ပြောကြား ခဲ့ပါသည်။
ယနေ့ခေတ်ကာလနှင့် လျော်ညီမှု မရှိတော့သည့် ဆိုရှယ်လစ်ခေတ်၊ န၀တခေတ်နှင့်
နအဖခေတ်များတွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ခေတ်များ၏ အကျိုးစီးပွား
ကာကွယ်နိုင်ရေး ရေးဆွဲခဲ့သည့် ဥပဒေများ အမိန့်ညွှန်ကြား ချက်များအား
ပယ်ဖျက်ရန် လိုအပ်နေကြောင်း၊ အဆိုပါ ဥပဒေများ၊ အမိန့်ကြော်ငြာ စာများအပြင်
လက်ရှိခေတ်တွင် ကျင့်သုံးနေသည့် ဥပဒေများ အမိန့်ကြေငြာစာများမှာ အမှန်တကယ်
အသုံးဝင်မှု ရှိနေသော်လည်း ချောင်ထိုးထားပြီး နှုတ်မိန့်ဖြင့်
ညွှန်ကြားနေမှုများမှာလည်း တရားဥပဒေ စိုးမိုးရေးအား ပျက်ပြားစေနိုင်သည့်
ကိစ္စရပ်များသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ ၁၀
ရက်က ပြောကြားထားသည်။

No comments :
Post a Comment