Blogger Widgets

Sunday, 30 June 2013

မူလတန်း ကျောင်းသုံးစာအုပ် လက်ဆင့်ကမ်းသုံးနိုင်ရေး လက်ရှိစာအုပ်များ၏ အရည်အသွေး မြှင့်တင်ရန်လိုကြောင်း အစီရင်ခံစာအရ သိရ

အခြေခံပညာကဏ္ဍ မူလတန်းအဆင့်တွင် လက်ရှိအသုံးပြုနေသည့် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးကို လက်ဆင့်ကမ်း အသုံးပြုနိုင်စေရေးအတွက် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးအား တိုးမြှင့်ရန် လိုအပ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့် (၁) အစီရင်ခံစာ (မူကြမ်း) လေ့လာဆန်းစစ်ချက်အရ သိရသည်။
လက်ရှိကျောင်းသုံး ဖတ်စာအုပ်များအတွက် အသုံးပြုနေသော စက္ကူအမျိုးအစားများမှာ Newsprint 48.8 GSM အမျိုးအစားများဖြစ်ခြင်း၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းမှ ပုံနှိပ်စက် အများစုမှာ သက်တမ်းကြာမြင့် နေခြင်းတို့ကြောင့် ကျောင်းသုံးစာအုပ်များ၏ သက်တမ်းမှာ တစ်နှစ်ကုန်ဆုံးသည်အထိ အသုံးမပြုနိုင်ခြင်းတို့ကြောင့် မူလတန်းအဆင့် ကျောင်းသုံးစာအုပ်များကို လက်ဆင့်ကမ်း အသုံးပြုနိုင်စေရေး တို့အတွက် သက်တမ်းသုံးနှစ်ခံ စာအုပ်အဖြစ် ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။
ကျောင်းသုံး ဖတ်စာအုပ်များကို ရိုက်နှိပ်ရာတွင် ခွင့်ပြုထားသည့် ဘက်ဂျက်အရ ပုံနှိပ်ရခြင်းကြောင့် ပုံနှိပ်မင်စာလုံးများ၊ ရုပ်ပုံများနှင့် မြေပုံများ ထင်ရှားကြည်လင် ပြတ်သားမှု မရှိခြင်း၊ ကလေးများအတွက်  ဆွဲဆောင်မှု အားနည်းခြင်း၊ အရောင်မစုံလင်ခြင်း၊ အချို့စာအုပ် အရွယ်အစား သေးငယ်လွန်းခြင်း၊ စက္ကူသားပွ၍ စုတ်ပြဲပျက်စီး လွယ်ခြင်းတို့ကြောင့် စာအုပ်များ၏ သက်တမ်းနှင့် အရည်အသွေးကို တစ်နှစ်မှ သုံးနှစ်အထိ တိုးမြှင့်ရန်နှင့် အရည်အသွေး ပိုမိုကောင်းမွန်သော စက္ကူများနှင့် စက်ကိရိယာများ အသုံးပြု ထုတ်လုပ်ရန်လည်း လိုအပ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ကျောင်းသုံးစာအုပ်များ၏ အရည်အသွေး ကောင်းမွန်ရေးနှင့် ကုန်ကျစရိတ် သက်သာစွာ ပုံနှိပ်နိုင်ရေးအတွက် ပုဂ္ဂလိက ပုံနှိပ်တိုက်များအား ပါဝင်လာနိုင်စေရေးအတွက် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း အဆိုပါ စာတမ်း၌ ထည့်သွင်းအကြံပြုထားသည်။
အခြေခံပညာ ကဏ္ဍတွင် မူလတန်းအဆင့် ပုံနှိပ်ရသည့် ကျောင်းသုံးစာအုပ်များမှာ နှစ်စဉ် သန်း ၄၀ ကျော် ရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top