Blogger Widgets

Sunday, 30 June 2013

ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်း ၉၀ မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်ဖြစ်

kone-june30
ရန်ကုန်မြို့ အတွင်းရှိ ဆေးလိပ်နှင့် ကွမ်းရာရောင်းချသည့် ဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်း ခံတွင်းကင်ဆာ ဖြစ်ပွားမှု ရာခိုင်နှုန်း ၉၀ မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ဖြစ်ပွားနေရသည်ဟု ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာဒေါ်ဆွေဆွေဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု အန္တရာယ်များနှင့် ပတ်သက်၍ ၎င်းက "ဆေးလိပ်သောက်တဲ့ သူကလည်း ကွမ်းစားတယ်။ အရက်သောက်တဲ့ သူကလည်း ဆေးလိပ်သောက်တယ်။ အဲ့သုံးမျိုးပေါင်းရင်တော့ အဲ့လို့နှစ်ခု ပေါင်းပြီးသုံးရင် antioxidants အဆင့်တွေ တဖြည်းဖြည်း လျော့ကျလာပြီး ကင်ဆာရောဂါက ပိုဖြစ်ဖို့များတယ်" ဟု ဆိုသည်။
အရက်နှင့် ဆေးလိပ် တွဲဖက်သောက်သုံးမှုကြောင့် ခံတွင်းအတွင်း အကျိအချွဲတွေကို ထုတ်လွှတ်ပေးသော carciogenic သက်ရောက်မှုကို လျော့ကျစေပြီး နှစ်မျိုးတွဲဖက် သောက်သုံးသူသည် သာမန်လူများထက် ကင်ဆာရောဂါ ဖြစ်ပွားမှု ၃၈ ဆ ပိုမိုမြင့်မားကြောင်း သိရသည်။
ဆေးလိပ်သောက်မှုများကြောင့် တစ်ဆင့်ခံ အငွေ့အသက်များကို ရှူရှိုက်မိသော အရွယ်မရောက်သေး သူများသည် အလုံပိတ် ခန်းများတွင် အများဆုံး ရှူရှိုက်မိပြီး အများသွားလာ လှုပ်ရှားသော နေရာများတွင် ရှူရှိုက်မှုမှာ အနည်းဆုံး ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု ပုံစံအမျိုးမျိုး ရှိသည့်အနက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ၉ ဒသမ ၈ ရာခိုင်နှုန်းနှင့် အရွယ်ရောက်ပြီးသားသူ ၂၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး သုံးစွဲသူ အများဆုံးမှာ အမျိုးသားများ ဖြစ်ကြောင်းလည်း သိရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုသည် တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လျက် ရှိသော်လည်း ၂၀၀၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းထားတဲ့ ဆေးလိပ်သောက်သုံးမှု ကန့်သတ်ခြင်းနှင့် ဆေးရွက်ကြီး စားသုံးမှု ဥပဒေနှင့် အရေးယူမှု အားနည်းနေသေးကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top