Blogger Widgets

Saturday 8 June 2013

ခြောက်နှစ်အရွယ် ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့သည့် သန္ဓေ သားကို ခွဲစိတ်အပြီးတွေ့ရစဉ် ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)

ကမ္ဘာတွင် ထူးခြားဖြစ်စဉ် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောက်ျားလေး တစ်
ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင်
နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်
က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆ
ရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကို မွေး
တုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာ
တယ်။ ကင်ဆာထင်ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်
မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာ ပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်
ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်း သိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်း
လွဲ၁နာရီခွဲတွင် စတင်ခွဲစိတ် ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ င်္နအကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှ
မသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်
သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ င်္နအကျှုည်ငအက လို့ခေါ်တဲ့ နောက် သ န္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တချို့ ဆို ကလေးပုံ မပီ
ဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦး
နှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။ နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၎င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်
က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ်မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောက်ျားလေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့
ရသည်။

၎င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်
မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top