သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက်
သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ
ပယ်ချလိုက်ပါသည်။
ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်မျာ

မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီး
“ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။
ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။
ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအေ
ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေး

No comments :
Post a Comment