Blogger Widgets

Wednesday 26 June 2013

တရားမ၀င် ကုန်သွယ်မှု တားဆီးရေး လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ဆက်လက်စစ်ဆေး သွားမည်

boaungkyaw-june26
ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီး အစိုးရ အဖွဲ့များသို့ လွှဲပြောင်းပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ဖွဲ့စည်းထားသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) များသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများကို လေ့လာပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်မှု နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းအပေါ် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုအား ပြည်ထောင်စုအဆင့် ကော်မတီ ဖွဲ့စည်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အဆိုတင်သွင်းခြင်းကြောင့် နိုင်ငံတော် သမ္မတရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းစေရန်အတွက် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ (Mobile Team) များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားကာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန် ပညာပေး အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လအတွင်း အဆိုပါ လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွှဲပြောင်းပေးခဲ့သော်လည်း Mobile Team အဖွဲ့များသည် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းမည် မဟုတ်ကြောင်းနှင့် ကုန်သွယ်မှု၏ အဓိကဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင်လည်း တရားမ၀င် ကုန်သွယ်မှုများ ထိန်းချုပ်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ရေကြောင်း ၀င်ပေါက်ထွက်ပေါက်များနှင့် ဆိပ်ကမ်းများကို လေ့လာပြီး ဆက်လက်ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top