အစိုးရနှင့် KIO တို့၏ သုံးရက်ကြာ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ်
ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့သော်လည်း တပ်မတော်အနေဖြင့်
ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက
ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
မြင့်စိုးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား မြစ်ကြီးနား
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။
''အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်တာကလွဲလို့ နိုင်ငံရေးအရ
ဆွေးနွေးမှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာပါ'' ဟု
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။
တပ်မတော်ကလည်း ပြည်သူ့ဆန္ဒအတိုင်း လုပ်နေပါတယ်။ KIO ကလည်း ဒီအတိုင်းပဲ လုပ်နေပါတယ်။ တပ်မတော်ဟာ ပေးထားတဲ့ ကတိကို လုံးဝမဖျက်ပါဘူး။ စည်းကမ်းလည်း မဖောက်ပါဘူး... |
''တပ်မတော်ကလည်း ပြည်သူ့ဆန္ဒအတိုင်း လုပ်နေပါတယ်။ KIO ကလည်း ဒီအတိုင်းပဲ
လုပ်နေပါတယ်။ တပ်မတော်ဟာ ပေးထားတဲ့ ကတိကို လုံးဝမဖျက်ပါဘူး။ စည်းကမ်းလည်း
မဖောက်ပါဘူး။ ကျွန်တော်တို့ ဒါကိုတော့ ခိုင်ခိုင်မာမာ ကတိလည်း ပေးတယ်'' ဟု
၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍လည်း ဖြည့်စွက်ပြောကြားသည်။
''ပြောစရာရှိတာက တချို့အပိုင်းတွေမှာ အောက်ခြေမှာ ထင်ယောင်ထင်မှား
ဖြစ်တာလေးတွေရှိတယ်။ အဆင်မပြေမှုလေးတွေ ရှိတယ်။ ဒါတွေကတော့ သာမန်အိမ်ထောင်စု
တစ်ခုမှာတောင်မှ မိသားစုတစ်ခုချင်းမှာ စိတ်ဝမ်းကွဲတာတွေ၊ ညီအစ်ကိုချင်းမှာ
အခန့်မသင့်တာတွေ ရှိနေပါတယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက
ပြောကြားသည်

No comments :
Post a Comment