Thursday, 10 September 2015
အင်ဒိုနီးရှားတောမီးလောင်မှုကြောင့် စင်ကာပူနှင့် မလေးရှားတို့တွင် မီးခိုးဖုံးလွှမ်းခြင်းများ ဖြစ်နေရာ ကျန်းမာရေး ထိခိုက်နိုင်ဖွယ်ရှိ

တောမီးငြှိမ်းသတ်ရန် ရဟတ်ယာဉ်များဖြင့် ရေများဖျန်းပက်ခြင်း၊ ဓာတုနည်းပညာဖြင့် မိုးများရွာသွန်းစေခြင်းတို့ကို ဆောင်ရွက်ရန် ကြိုးပမ်းနေကြသော်လည်း မီးခိုးများကြောင့် မြင်ကွင်းပိတ်မှုများက အတားအဆီး ဖြစ်နေသည်ဟု သိရသည်။
စင်ကာပူနိုင်ငံရှိမိုးမျှော်တိုက်များကိုပါ မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းမှုသည် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်ရှိနေသည်ဟု သိရသည်။ မြို့တော်ကွာလာလမ်ပူအပါအ၀င် မလေရှားနိုင်ငံထဲမှ ဒေသအများအပြား၏ လေထုအရည်အသွေးသည်လည်း ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသည့်အခြေအနေတွင် ရှိနေသည်။

No comments :
Post a Comment