အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တယောက်က
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီက
အမတ်နေရာအများစုနိုင်ခြေရှိပြီး ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ့်သဘော
ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြစ်ကြီးနားမှာပြောကြားခဲ့တာ ဟာ အဲဒီ
ပုဂ္ဂိုလ်ရဲ့ သဘောထားအမြင်မျှသာ ဖြစ်ပါတယ်လို့ NLD ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် က RFA ကိုပြောပါတယ်။
"အဓိကက CEC ရဲ့ တရားဝင်သဘောထား
ထုတ်ပြန်ချက်မဟုတ်ပါဘူး။ဒီပုဂ္ဂိုလ်က သူ့ရဲ့တစ်ဦးတစ်ယောက်
အမြင်ကိုပြောသွားတာပါ။ကျွန်မက CEC ဥက္ကဌ အနေနဲ့ဒါကို ဆွေးနွေးဖို့
စောပါသေးတယ်။
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ဥက္ကံမြို့မှာဖြစ်ပွါးခဲ့တဲ့ ဆူပူမှုတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့
ပြသနာတွေဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကပါပဲလို့
ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
"ဒါတွေဟာ ကောင်းတော့မကောင်းဘူး။ကျွန်မတို့နိုင်ငံမှာ အားလုံးကို
အေးအေးချမ်းချမ်းနဲ့သင့်သင့်မြတ်မြတ် ဖြစ်စေချင်တာပေါ့။ကျွန်မကတော့
ဥပဒေစိုးမိုးရေးဘက်က ပြောတာပဲ။ဥပဒေစိုးမိုးရေး ရှိမှသာရင်
ပြည်သူတွေရဲ့စိတ်ထဲမှာ လုံခြုံမှုရှိမှသာလျှင် ဒီလိုတစ်ယောက်နဲ့တစ်ယောက်
အဆင်မပြေတဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်မှာပါ"
တဆက်တည်းမှာပဲ စိတ်နေစိတ်ထားတွေပြုပြင်ဖို့အတွက်
အားလုံးမှာတာဝန်ရှိပြီး တရားဥပဒေစိုးမိုးရေးကတော့
အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်

No comments :
Post a Comment