Blogger Widgets

Friday 31 May 2013

နယူးယောက်ခ်တိုင်းမ် (NewYork Time) ၏ မြန်မာအကြောင်းရေးသားထားသည့်ဆာင်းပါး

အမေရိကန် နာမည်ကြီး သတင်းဌာန နယူးယောက်ခ်တိုင်းမ် (NewYork Time) သတင်းမှာပါတဲ့ Thomas Fuller ရဲ့ဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်ထားတာပါ။

နောက်ဆုံးဘာသာရေးအကြမ်းဖက်မှု ဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမြို့ မှာ ဗုဒ္ဓဟူးနေ့ က ဗုဒ္ဓဘာသာအကြမ်းဖက်သမား လူအုပ်ကြီးဟာ ဗလီတစ်လုံး၊ မွတ်စလင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဈေးဆိုင်များကို မီးရှို့ အပြီးမှာ လုံခြုံရေးတပ်ဖွဲ့ တွေဟာ ပြန်လည် တည်ငြိမ်စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲအသစ်ဟာ မြန်မာနိုင်ငံ တစ်ဝှမ်းပျံ့ နှံ့ နေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ နယ်စပ်အနီးရှိ လားရှိုးမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ယခုနှစ်အတွင်း ယခင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသတွေနဲ့ မိုင်ပေါင်းရာနဲ့ ချီကွာဝေးပါတယ်။
ဖြစ်စဉ်မှာ မွတ်စလင်တစ်ဦးသေဆုံးပြီး ဗုဒ္ဓဘာသာဝင်လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့  လားရှိုးပြန်ကြားရေးဝန်ကြီးဌာနက ဦးဝေလင်းကပြောပါတယ်။

လားရှိုးမြို့ ရှိ အလွတ်တန်း ဓာတ်ပုံဆရာ ဦးခွန်ဇော်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာတော့ လူငယ်အများအပြားပါဝင်တဲ့ အကြမ်းဖက်လူအုပ်ကြီးဟာ တုတ်၊ ဓားများကိုင်ဆောင်ပြီး ဆိုင်ကယ်များဖြင့် မြို့ အတွင်း လှည့်လည်နေတယ်လို့ ပြောသွားပါတယ်။ “သူတို့ က မြို့ ထဲကို ပတ်ပြီးတော့ ဖျက်ဆီးနေကြတာ” လို့ ၎င်းက ပြောသွားသည်။

မွတ်စလင်များဟာ မြို့ ကို စွန့် ခွာပြေးသွားကြကြောင်း မျက်မြင်သက်သေများက ပြောသည်။ ရုပ်ရှင်ရုံတစ်ရုံ နှင့် မွတ်စလင်ဆိုင်များ ဗုဒ္ဓဟူးနေ့ က ဖျက်ဆီးခံလိုက်ရသည်ဟု အကြမ်းဖက်မှုကို မျက်မြင်တွေ့ ခဲ့သူ NLD ပါတီမှ ဦးမျိုးမြင့်က ပြောသည်။

အင်္ဂါနေ့  ညနေခန့် က ဖြစ်ပွားခဲ့သော ဗလီနှင့်တကွ အခြားအဆောက်အဦးများ မီးရှို့ ခံရမတွင်လဲ အခြားဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကဲ့သို့ ပင် မြန်မာရဲတပ်ဖွဲ့ နှင့် စစ်တပ်သည် ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးကို လူစုကွဲသွားစေရန် မပြုလုပ်ချင် (သို့ ) မပြုလုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။

လားရှိုး မြို့ သို့ လာရောက် လည်ပတ်နေသော ဖင်လန်နိုင်ငံသားကျောင်းသားတစ်ဦးဖြစ်သူ Lauri Nio က လူအုပ်ကြီးက ဗလီကို စတင်မီးတင်ရှို့ ပြီး ဆိုင်များကို စတင်ဖျက်ဆီးအပြီး ၂နာရီခန့် အကြာတွင် ရောက်ရှိလာကြောင်း၊ ရဲများသည် အခင်းဖြစ်ပွားရာတွင် မိနစ်အနည်းငယ်ခန့် သာ ရှိနေပြီး ညဘက်ရောက်မှ လူအင်အားပိုမိုများသော တပ်ဖွဲ့ သည် တစ်ခေါက် ပြန်လည်ရောက်ရှိလာပြီး လမ်းများကို ပိတ်လိုက်ကြောင်း၊ သို့ သော် ဆူပူအကြမ်းဖက်သူများကိုမူ ဘာမှမလုပ်ကြောင်း ၎င်းကပြောသွားသည်။ လူအများသည် ဈေးအတွင်းစုဝေးကာ အော်ဟစ်အားပေးကြရင်း၊ နိုင်ငံတော်သီချင်းများသီဆိုရင်း ဆိုင်များကို ဖျက်ဆီးကြကြောင်း ၎င်းကပြောသွားသည်။

DVB မှဗုဒ္ဓဟူးနေ့ တွင် facebook ပေါ်တင်သည့် ဗီဒီယိုအရ မီးလောင်ထားပြီးသော အဆောက်အဦးများ ပျက်ဆီးနေသော မော်တော်ဆိုင်ကယ်များ နှင့် နိုင်ငံအတွင်း မြင်တွေ့ နေကျ မြင်ကွင်းမျိုး ဖြစ်လာကြောင်းတွေ့ ရှိရသည်။

ယခင်အကြမ်းဖက်မှုများအတိုင်းပင် သတင်းထောက်များလဲ ရွေးချယ် တိုက်ခိုက်ခံခဲ့ရသည်။ “သူတို့ ကျွန်တော့်ခေါင်းကို သံတုတ်နဲ့ ရိုက်သွားတယ်” ဟု ဦးခွန်ဇော်ထွန်းက ပြောသည်။ အကြမ်းဖက်လူအုပ်ကြီးသည် ကင်မရာအတွင်းမှ မန်မိုရီကဒ်ကို ဖြုတ်ယူကာ ဖျက်ဆီးသွားကြောင်းလဲ ၎င်းက ပြောကြားသည်။

မတ်လပိုင်းက မိတ္ထီလာမြို့ တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကဲ့သို့ ပင် လားရှိုး အကြမ်းဖက်မှုသည်လဲ သာမန် အချင်းများမှုမှ စတင်ခဲ့သည်။ နိုင်ငံပိုင်ရုပ်သံများအရ ဓာတ်ဆီရောင်းသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည် ဈေးဝယ်သူ မွတ်စလင်တစ်ဦး၏တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၎င်းအား ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားအုပ်စုသည် ရဲစခန်းကို ၀ိုင်းရံခဲ့ကြပြီး ရဲတပ်ဖွဲ့ မှ တရားခံကို ထုတ်မပေးသောအခါ ဒေါသဖြင့် တုန့် ပြန်ခဲ့ကြသည်။ အချင်းများမှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လားရှို့ မြို့ ရဲစခန်းအပြင်ဘက်တွင်ရှိသည့် လူအုပ်တွင် ဘုန်းကြီး အယောက်၈၀ခန့် ပါဝင်ကြောင်း ပြောကြားသွားသည်။ ဗုဒ္ဓဟူးနေ့ တွင် အထိကရုန်းကို နှိမ်နင်းရန် သေနတ်ပစ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက လားရှိုးမြို့ ရှိ အာဏာပိုင်များနှင့် ဘာသာရေး၊ လူမှုရေး အဖွဲ့ အစည်းများက ထပ်မံအကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု ၎င်းကပြောကြားသည်။

မွတ်စလင် ရွှေဆိုင်ပိုင်ရှင်နှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတို့ ၏ ပြဿနာမှစခဲ့သည့် မတ်လမှစ၍ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ၄၄ယောက်သေဆုံးခဲ့သည်။ မိတ္ထီလာရှိသေဆုံးသူ အများစုမှာ မွတ်စလင်များဖြစ်ကြသည်။
မွတ်စလင်များသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅ရာခိုင်နှုန်းခန့် ရှိပြီး ၎င်းတို့ ကို မြန်မာနိုင်ငံ၏ မြို့ ကြီးပြကြီးများ အနှံ့ တွင်တွေ့ ရသည်။

ယခုလများအတွင်းဖြစ်ပွားသော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံနှင့် မွတ်စလင်နိုင်ငံများအကြား ဆက်ဆံရေးကို ပြောင်းလဲစေပြီး ဗုဒ္ဓဘာသာဝင် အများစုပါဝင်သည့် အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြား များစွာသော လူမျိုး၊ ဘာသာများနှင့် ရေရှည် ချစ်ကြည်ရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်နိုင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။

No comments :

Post a Comment

Blogger Widgets
Back to Top