ရှမ်းပြည်နယ်တွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်အား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်းရှမ်းပြည်နယ်
လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က မဇ္ဈိမကို ပြောသည်။”အဓိကကတော့
ပြည်သူလူထုကို မနစ်နာစေအောင် ကျွန်တော်တို့
ရေအားလျှပ်စစ်ဖြန့်ဖြူးပေးေ နတဲ့
စက်တွေကို လည်း မိမိကိုယ်တိုင် လိုက်လံကွင်းဆင်း စစ်ဆေးပေးခဲ့ပြီးမှ
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်တယ်” ဟု ရှမ်းပြည်နယ်
လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် က ပြောသည်။ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည့်နယ်များမှာ ရှမ်းပြည်နယ်
မြောက်ပိုင်းတွင် မူဆယ်၊နမ့်ခမ်း၊ လားရှိုး၊ သိန္ဒီ၊ နမ့်ခမ်းတို့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တွင် ပင် လောင်း၊ တီဂျစ်၊ နောင်တရားနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းစတ်၊ကျိုင်းတုံဒေသတို့ အား မကြာမီ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွ င့် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည် ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း လုပ်ပိုင်ခွင့်များအတွက် မြဟံသာ ကုမ္ပဏီက ဧဒင်ကုမ္ပဏီနှင့် ပတ္တမြား နဂါးကုမ္ပဏီတို့က လျှောက်လွှာတင်ထား
ကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက သိရသည်။
ဦးစိုင်းထွန်းရင်က ဆက်လက်၍ ထိုသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်အတွက် ပွင့်လင်းမြင်သာမှုရှိစေရန် တင်ဒါစနစ်ဖြင့်လျှောက်လွှာခေါ်ယူခဲ့ပြီး
အစိုးရက တစ်ယူ နစ်လျှင် ၄ဝ ကျပ် နှုန်းဖြင့် ပုဂ္ဂလိကသို့ လုပ်ပိုင်
ခွင့်ပေးမည်ဟုဆိုသည်။ သို့သော် မြို့နယ်အလိုက် ဈေးနှုန်းကွာခြင်း
ရှိနိုင်ပြီး မဟာဓာတ်အားလိုင်းနှင့် ဝေးသော မြို့နယ်များအနေဖြင့် လျှပ်စစ်ဓာတ်အားခ ပိုမိုကျသင့်နိုင်ကြောင်းဆိုသည်။ ယခုလက်ရှိ
တွင်မူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်သုံးမီတာခ တစ်ယူနစ် ၂၅ ကျပ်နှင့် လုပ်ငန်းသုံး ၅ဝ ကျပ် ကောက်ခံနေသည်။
”ပုဂ္ဂလိက လုပ်လုပ်၊ အစိုးရကလုပ်လုပ် ပြည်သူတွေ ၂၄ နာရီ မီးရဖို့သာ အဓိကကျတယ်”ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်ကပြော
သည်။ ရှမ်းပြည်နယ်အတွက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေသော အဓိကရေအားမှာ ကျိုင်းတောင်း ရေအားလျှပ်စစ်ဖြစ်ပြီး အသေးစားရေအား
လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၁၁) ခုရှိကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီး
ဌာနမှသိရသည်။
ရှမ်းပြည်နယ်တွင်း ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့သော မြို့နယ် ၁၂ မြို့နယ်ရှိပြီဖြစ်သည်။
ရေအားလျှပ်စစ်ဖြန့်ဖြူးပေးေ
မြောက်ပိုင်းတွင် မူဆယ်၊နမ့်ခမ်း၊ လားရှိုး၊ သိန္ဒီ၊ နမ့်ခမ်းတို့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တွင် ပင် လောင်း၊ တီဂျစ်၊ နောင်တရားနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွ

ဦးစိုင်းထွန်းရင်က ဆက်လက်၍ ထိုသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်အတ

ရှိနိုင်ပြီး မဟာဓာတ်အားလိုင်းနှင့် ဝေးသော မြို့နယ်များအနေဖြင့် လျှပ်စစ်ဓာတ်အားခ ပိုမိုကျသင့်နိုင်ကြောင်းဆု

ရှမ်းပြည်နယ်တွင်း ပုဂ္ဂလိကသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေ

No comments :
Post a Comment