နိုင်ငံခြားချန်နယ်တွေနဲ့
အစီစဉ်တချို့ရိုက်ကူးထားပြီး ပွဲတွေမှာအစီစဉ်တင်ဆက်သု အဖြစ်လုပ်ဖြစ်နေတဲ့
မန္တလေးသူ Miss Myanmar ဆုရှင် ဂုဏ်ရည်အေးကျော်က လတ်တ လောမှာ
ထိုင်းသံရုံးကလုပ်တဲ့ ကိုရီးယားနဲ့မြန်မာလူမျိုး မင်္ဂလာဆောင်တဲ့ ပွဲမှာ
အင်္ဂလိပ် စကားပြော အစီစဉ်တင်ဆက်သူအဖြစ်လုပ်ဖို့ရှိတယ်လို့ ပြောပြီး ရှိုးေ
လျှာက်ဖို့ တော့ မရှိသေးဘူးလို့ပြောပါတယ်။အခုလထဲမှာ ချမ်းမြသုခလူမှု
ကူညီရေးအသင်းကပေးတဲ့ အသင်းဝင်ထူးချွန်ဆုကိုလည်း ယူဖို့ရှိတယ်လို့
ပြောပါတယ်။
လတ်တလောမှာ Miss
International အတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်နေတာကို ”
ဒီတစ်နှစ်အတွင်းတော့ Miss International ကိုပဲ အာရုံစိုက်ပြီးလုပ်သွားမယ်။
ဆရာမတင်မိုးလွင်ဆီမှာ အနေအထိုင်၊အပြောအဆို Miss တစ်ယောက်ရဲ့ပြောဆိုပြုမူ
နေထိုင်ပုံတွေကိုသင်တန်းစ ပေးနေပြီ။ နောက်ထပ် အင်္ဂလိပ် စာသင်တန်းထပ်တက်မယ်။
Body Training လည်း စလုပ်နေပြီ။ နည်းနည်းချင်းစီ တော်တော်များများလုပ်နေ
ပါပြီ။ ဒီတစ်နှစ်တော့ ဒီပွဲ အတွက်ပဲ အာရုံစိုက်သွားမှာပါ။
ဒီပွဲပြီးသွားလို့ ပြန်လာရင်တော့ အနုပညာအလုပ်တွေကို ကိုယ်
စွမ်းဥာဏ်စွမ်းရှိသလောက် လုပ်ဆောင်သွားမှာပါ။ ဒီပွဲမှာ Miss Internet
ဆုအတွက် မြန်မာနိုင်ငံက ပရိသတ်ကြီးကို ယုံကြည်ပြီးသားပါ။ ဒီနှစ်မှာ
မနှစ်ကထက်အချိန်ပိုရတော့ အခြားဆုတစ်ခုခု ထပ်ရအောင် ဂုဏ်ရည်ကြိုးစားနေပါတယ်”
လို့ ပြောပါတယ်။
ဂုဏ်ရည်အေးကျော်ကမန္တလေးသူတစ်ယောက် ဖြစ်လို့အနုပညာလုပ်ငန်း
တွေလုပ်ကိုင်ဖို့ ရန်ကုန်မှာ သွားနေရတာကြောင့် အခက်အခဲနည်းနည်းရှိတယ်လို့
ဆိုပါတယ်။ ” အဓိကကတော့ ကိုယ့်မိသားစုနဲ့ ၊ကိုယ့်မြို့နဲ့
ခွဲနေနေရတာပါပဲ။ကိုယ့်မြို့မှာ ဆိုဘယ်သွားသွားယုံကြည်မှု
ပိုရှိတယ်။တစ်ယောက်တည်းသွားရလည်း အဆင်ပြေတယ်။
အခုရန်ကုန်မှာဆိုရင်တစ်ယောက်တည်းသွားရရင် အားငယ်တယ်။ မန္တလေးမှာကျတော့
ဘယ်သွားသွား ကိုယ့်ကို ကူညီမယ့်သူတွေ ကိုယ်ကို သိနေတဲ့ လူတွေရှိတော့
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိ တယ်။ရန်ကုန်မှာကျတော့ ကိုယ့်
ကိုယ်ကိုယ်ယုံကြည်မှုမရှိ သလိုပဲ။တစ်ယောက်တည်းလို့ခံစားနေရ
တာကြီးကိုမကြိုက်တာပါ” လို့ ပြောပါတယ်။ မန္တလေးသူ မန္တလေးသားတွေ
အစွဲကြီးတယ်လို့တခြားလူတွေပြောတာကို လက်ခံပြီး သူကိုယ်တိုင်လည်း
မန္တလေးကိုချစ်တယ်လို့” ဂုဏ်ရည်အေးကျော်ကဆိုပါ တယ်။

No comments :
Post a Comment