အီတလီနိုင်ငံ မြောက်ပိုင်း Genoa
ဆိပ်ကမ်း ထိန်းသိမ်းရေး မျှော်စင်အား ကွန်တိန်နာ သင်္ဘောတစ်စင်းမှ
တိုက်မိခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးကာ
အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသခံ သတင်းများမှ မေလ ၈ ရက်နေ့တွင်
ပြောကြားခဲ့ပါသည်။
၂၃၉ မီတာရှည်လျား၍ တန်ချိန် ၄ဝ,၆ဝဝ
နီးပါး တင်ဆောင်လာသော ဂျိုလီနီရို အမည်ရ ကွန်တိန်နာ သင်္ဘော သည် မေလ ၇ ရက်နေ့
ည၌ Messina ဆိပ်ကမ်းသို့ ဦးတည် ခုတ်မောင်းလာစဉ် ဆိပ်ကမ်းထိန်း သိမ်းရေး
မျှော်စင်အား တိုက်မိခဲ့ခြင်း ဖြစ်ပါသည်။ ဒဏ်ရာ ရရှိသူ ၄ ဦးအား ဆေးရုံသို့
ပို့ဆောင်နေစဉ် အတွင်း ရေထဲနှင့် အပျက်အစီးများ အတွင်းညှပ်မိ နေသော
အလောင်းများအား ရှာဖွေရန် လူ ၅ ဦးက အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တိုက်မှုသည် တိတိကျကျ မသိရှိရသေးသော်လည်း စက်ချို့ယွင်းမှုကြောင့်
ဖြစ်နိုင်ကြောင်း ဒေသခံ သတင်း မီဒီယာများမှ ကျွမ်းကျင်သူ အချို့၏
ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့ကြပါသည်

No comments :
Post a Comment