Blogger Widgets

Tuesday 14 May 2013

အိန္ဒိယ အရှေ့ဘင်ဂေါအသင်းကို အနိုင်ယူမည်ဟု ရန်ကုန်နည်းပြ ပြောဆို

2013 AFC Cup ရှုံးထွက်အဆင့် မေလ ၁၅ ရက်တွင် ကစားရမည့် အိန္ဒိယ ကလပ်အသင်း East Bangal အား အနိုင်ကစားသွားမည်ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြ အိုင်ဗင်ကိုလက်ဗ် က ပြောဆိုလိုက်သည်။
ရန်ကုန်အသင်းသည် 2013 AFC Cup အုပ်စု (F) တွင် အုပ်စု ဒုတိယဖြင့် ၁၆ သင်းအဆင့် ရှုံးထွက်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံသို့ သွားရောက်ကစားရမည်ဖြစ်သည်။
“အရှေ့ဘင်ဂေါနဲ့ပွဲက အသင်းအတွက် အရေးကြီးပါတယ်။ အဲဒီပွဲမှာလည်း အသင်းရဲ့ အဓိက ကစားသမား ငါးယောက်လောက် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်အသင်းက စစ်မရောက်ခင်
မြားကုန်မယ့်အသင်း မဟုတ်ပါဘူး။ AFC Cup ပြိုင်ပွဲက
ပြည်တွင်း လိဂ်ပြိုင်ပွဲနဲ့ မတူပါဘူး။ မတူညီတဲ့ နည်းစနစ်၊ တခြားအပိုင်းတွေ ရှိပါတယ်။ အဲဒီအတွက် သေချာ ပြင်ဆင်ထားပါတယ်” ဟု အိုင်ဗင်ကိုလက်ဗ် က ဆိုသည်။
ရန်ကုန်အသင်းသည် ပြီးခဲ့သည့် 2012 AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ယခုနှစ် တွင် အုပ်စုအဆင့်မှ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ပထမဦးဆုံး မြန်မာနိုင်ငံ ကိုယ်စားပြု ကလပ်အသင်းတသင်း ဖြစ်ခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top