Blogger Widgets

Tuesday 14 May 2013

သက်မွန်မြင့် က ဘယ်လိုလူစားမျိုးလဲဆိုတာ ပရိသတ်ကြီး သိပါတယ်

ဇာတ်ကားရိုက်ပြတ်သွားတဲ့ အတွက် အခုလတ်တလောမှာတော့ ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်တွေကို ရိုက်ကူးနေတဲ့ သက်မွန်မြင့်က ရုပ် ရှင်အစည်း အရုံးက ၁ဝရက်တစ် ကား၊ တစ်လကို ၃ကားနှုန်းနဲ့ သတ်မှတ်ထားတဲ့ အတိုင်းပဲ ရိုက်ကူးဖြစ်ကြောင်းကို “ပုံမှန်က တော့သူတို့သတ်မှတ်တဲ့ အတိုင်း ပါပဲ။အခုလိုမျိုး ဇာတ်ကားရိုက် ပြက်သွားတဲ့အခါကျတော့လည်း ၁ဝ ရက်အားသွားတာပေါ့။ ကြော်ငြာလေးတွေရှိရင်ကြော်ငြာ ရိုက်ရ တာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးရှိ ရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး တစ် ကား ၊ဗီဒီယိုတစ်ကားပေါ့။ ဇာတ်လမ်း ကတော့များသောအားဖြင့် သက်မွန်နဲ့ အဆင်ြေ ပမယ့် ဇာတ်လမ်းတွေ ပေးတာ ဆိုတော့ သိပ်တော့ ရွေးစရာ မလိုတော့ပါ ဘူး။ အရင်ကထက်စာရင် လူက တအား သက်သာသွားတယ်။ အဝတ် အစားစီ စဉ်ရတာ အချိန်နည်းနည်း ပိုရတော့ခေါင်း စားတာသက်သာတယ်။

သက်မွန် အမြဲတမ်း ပြဿနာတက်တာက အဝတ်အစားပဲ။ လူကောင် လည်း ကြီးတဲ့အခါကျတော့ ပုံစံတိုင်းကိုယ်နဲ့ အဆင်မပြေဘူး။ အဲဒါ ကြောင့်ရွေးစရာရှားတော့ ခေါင်းစားရ တာများတယ်။အခုအချိန်လေး ရလာ တော့အေးအေးဆေးဆေး စဉ်းစား လို့ရတယ်။ ချုပ်မယ်ဆိုရင်လည်း အင်္ကျီချုပ်ဖို့ အချိန်လည်းရလာ တယ်” လို့ သက်မွန်မြင့်က ပြော ပါတယ်။ သူငယ်ချင်းနဲ့ မိသားစုတွေ ကိုသံယောဇဉ်တွယ်တတ်တဲ့ သက်မွန် မြင့်က “သက်မွန်ကကိုယ့်သူငယ်ချင်း ကိုယ့်မိသားစုတွေကို တအား သံ ယော ဇဉ်တွယ်တတ်တယ်။ ကိုယ်က အလုပ်တအားလုပ်ချင်လို့သာ အလုပ်ထဲမှာ နစ်နေလို့သာ သူငယ် ချင်းတွေနဲ့ နည်းနည်းဝေးတာ။ မိသားစုဆိုတာ ကလည်း အဖေဆို လည်း မနက်သွားရင် နှုတ်ဆက်၊ ညပြန်ရောက်ရင် နှုတ်ဆက် အဲဒီ လောက်ပဲ၊သိပ်အချိန်မပေးနိုင်ခဲ့ဘူး။ အခုကျတော့ မိသားစုဆုံချိန်လေး လည်း ရှိလာတယ်။ သူငယ်ချင်းတွေ နဲ့ ဆုံချိန်လေးလည်း ရှိသွားတာ ပေါ့လေ။

သက်မွန်မှာ မောင်နှမငါး ယောက်ရှိတယ်။ အစ်ကို အကြီးဆုံး က ဆုံးသွားပါပြီ။ ကျန်တဲ့သူတွေ က အိမ်ထောင်ကျသွားပြီဆိုတော့သတ် သတ်စီနေကြတယ်။ အခုတော့ အစ် မတို့မိသားစုတွေ ရှိနေတော့ အိမ် မှာ နည်းနည်းလူစည်သွားတာပေါ့” လို့ မိသားစုတွေအကြောင်း ပြောပြခဲ့ပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့ပွဲ မှာလည်း စိုင်းစိုင်း နဲ့အတူ ဖျော်ဖြေ ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲပြီးတဲ့နောက် မှာတော့ ကောလာဟလတွေ အမျိုး မျိုးကြားခဲ့ရပါတယ်။ ဒီကောလာဟ လတွေနဲ့ ပတ်သက် ပြီး သက်မွန်မြင့် က “စိုင်းစိုင်းက သီချင်းဆိုမလား မေးတော့ နင်အဆင်ပြေရင်ဆိုမယ် လို့ပြောလိုက်တယ်။ သက်မွန်က သီ ချင်းဆိုရတာလည်း ဝါသနာပါတယ်။ ပရိသတ်တွေနဲ့ အဆိုတော်တွေနဲ့က တိုက်ရိုက်ထိတွေ့ရတာ များတယ်။ အဲဒါကို သဘောကျတယ်။ ပရိသတ် တွေနဲ့တွေ့ချင်လို့ ဆိုဖြစ်သွားတာပါ။ လူဆိုတာကတော့ ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုမျိုးပြောလည်းတော့ မသိနိုင် ဘူးပေါ့။ ဒါပေမဲ့ ကိုယ်က အနုပညာ ရှင်တစ်ယောက်ဖြစ် တဲ့အတွက် ကိုယ့် နာမည်က သူတို့ ပါးစပ်ထဲမှာရှိတာ လေ။ ကိုယ့်ကိုချစ်တဲ့သူက အကောင်း ပြောမယ်။ မုန်းတဲ့သူက မကောင်း ပြောမယ်ဆိုတော့ ဒီအပေါ် တအား ခံစားနေရတာမျိုး မရှိပါဘူး။ ပရိသတ်တော်တော်များများကလည်း သက်မွန်ကိုနားလည်ပေးတယ်။ သက်မွန်မြင့်က ဘယ်လိုလူ စားမျိုး လဲဆိုတာ သိနေတော့ သိပ်တော့ ပြဿနာ မရှိပါဘူး” လို့ ပြောပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top