ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ
စိန်မေရီကာဒီဒြယ် ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားဝင်ရောက်
ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁
နာရီကျော်မှစတင်ကာ ဆန္ဒပြခဲ့သည်။
ထို့နောက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ သူ့ကိုလာရောက်ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်တွင် ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှူး ဦးသာဇံ၏ ထုတ်ပြန်ပြောကြားချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူထားကြောင်း သိရသည်။

No comments :
Post a Comment