ဂျော့တောင်း မေ ၁ဝ
အရှေ့တောင် အာရှ၏ အရှည်ဆုံး တံတားကြီး တစ်စင်းအား မလေးရှား နိုင်ငံ ပီနန်ကျွန်း တွင် လာမည့် စက်တင်ဘာလ၌ ဖွင့် လှစ်သွားမည်ဟု သိရသည်။
ကမ္ဘာတွင် ၂ဝ ခုမြောက် အရှည်ဆုံး တံတား
ဖြစ်သည့် ပီနန် တံတားအား လမ်း ပြင်ဆင်မှုများ အပြီး သတ်ပြီးနောက်
သြဂုတ်လတွင် စမ်း သပ်မှုများပြုလုပ်ကာ စက်တင်ဘာ လတွင် အပြီးသတ် ဖွင့်လှစ်
သွားမည် ဖြစ်သည်။
၎င်းတံတားသည် ၂၄ ကီလိုမီတာ အရှည်ရှိပြီး ရေပြင်အထက် ၁၆ ဒသမ ၉ ကီလို မီတာ အမြင့် ရှိကြောင်း သတင်း ဌာနများက ဖော်ပြသည်။
ပီနန် တံတားသည် ဘာတူကာဝန်မြို့နှင့် အခြား
ကျွန်းတစ်ကျွန်း ပေါ်ရှိ ဘာတူမောင်ကျွန်း တို့ကို ဆက်သွယ်ထားသော တံတား
ဖြစ်သည်။ တွန့်လိမ်နေ သော တံတားပုံစံနှင့် တံတား အစတွင် တစ်မူ ထူးခြားသော
ကြိုးဆိုင်းများက ပီနန် တံတားကို ပိုမို အသက် ဝင်စေမည် ဖြစ် သည်။
တံတား ပေါ်တွင် ဖြတ်သန်း သွားမည့် ယာဉ်များသည် တစ်နာရီလျှင် ၈ဝ ကီ လိုမီတာနှုန်းဖြင့် မောင်းနှင် ပါက မိနစ် ၃ဝ သာ ကြာမြင့်မည် ဖြစ်သည်။
ထို့ပြင် အဆိုပါ တံတား၌ လှပသော LED မီးသီး
များဖြင့် အလှဆင်ထား ကြောင်း၊ တောင်ကိုရီးယား နိုင်ငံရှိ အင်ချွန်း
တံတားနှင့် ဆင်တူကြောင်း Jambatan Kedua Sdn Bhd Package One မှ မန်နေဂျာ
Azmi Mohamed က ပြောကြားခဲ့သည်။
တံတားတွင် လမ်းကြောင်း ပြည့်ကျပ်မှုကို
လျော့ကျရန် အတွက် လက်ရှိ အသုံးပြုနေသော ပီနန် တံတားတွင် ကူးလူး ခွင့်ရသော
ယာဉ် အရေ အတွက်ကို ၂၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိ လျှော့ချ
သွားမည်ဟု အာဏာပိုင် များက မျှော်မှန်း ထားသည်။
ယခု ဖွင့်မည့် တံတား၌ တစ်နာရီလျှင် မော်တော်ယာဉ် ၁ဝဝဝဝဝ နီးပါး ဖြတ် သန်း သွားလာခွင့် ပြုမည်ဟု သိရသည်

No comments :
Post a Comment