Blogger Widgets

Monday, 13 May 2013

လက်ရှိ အသက်ထက် ၁၀ နှစ် လောက်ပိုပြီး ငယ်သွား စေတယ်လို့

**Public Health** 

လက်ရှိ အသက်ထက် ၁၀ နှစ် လောက်ပိုပြီး ငယ်သွား စေတယ်လို့ ထင်ရစေတဲ့ ၁၀ မိနစ်တာ ပြင်ဆင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

**ပြင်ဆင်သင့်သည့် မျက်နှာအနေအထား **

- မျက်ခုံးဟာ သေးသွယ်တဲ့ မျက်ခုံးပုံစံမျိုးဖြစ်ရပါမယ်။ - အပေါ်မျက်ခွံကို ပြည့်ပြည့်လေးဖြစ်အောင် ခြယ်သပေးဖို့လိုပါတယ်။
-အောက်မျက်ခမ်းကို နက်မှောင်နေအောင် ခြယ်သပေးပြီး မျက်တောင်ကို သဘာဝ အရောင်သာ သုံးပေး သင့်ပါတယ်။
-သင့်အရေပြား အတွက်သုံးတဲ့ အလှကုန်တွေကို အဆီ ပါဝင်မှု နည်းတာကို သုံးပါ။ နေလောင် ထားတဲ့ အစက်အပြောက် တွေကို သက်သာ စေတာမျိုး ရွေးချယ်ပါ။
-နှုတ်ခမ်းမှာ ဒေါင်လိုက် အရေးကြောင်းတွေ ပေါ်နေတတ်တာကြောင့် ပြည့်တင်းတဲ့ နှုတ်ခမ်း ပုံစံဖြစ်အောင် နှုတ်ခမ်းဆိုးဆေး အဆီကိုသုံးပါ။

**ပြင်ဆင်နည်း အဆင့်ဆင့်**

-အောက်ခံဖောင်ဒေးရှင်းနှင့် ပေါင်ဒါ- အောက်ခံ ဖောင်ဒေးရှင်းကို ရေဓာတ်ပါဝင်ပြီး၊ အရေပြားချောမွေ့စေကာ အနည်းငယ်လင်းတဲ့ အမျိုးအစားကို ရွေးချယ်ပေးပါ။ အောက်ခံမိတ်ကပ်နဲ့ ပေါင်ဒါတွေကို အများကြီးသုံးတာက သင့်မျက်နှာပေါ်က အရေးကြောင်း တွေကို ပိုပြီး ပေါ်လွင်စေတာကြောင့် မိတ်ကပ်နဲ့ ပေါင်ဒါ လိမ်းချိန် ဘရပ်ရှ်ကိုသာသုံးပြီး လိမ်းခြယ်ပေးပါ။ အပြောင်သားအမှုန့်လေးတွေ ပါဝင်တဲ့ ပေါင်ဒါမှုန့်မျိုးက သင့်မျက်နှာကို ပိုမိုတောက်ပစေပြီး ငယ်ရွယ်တဲ့အသွင်ကို ဆောင်စေပါတယ်။

-မျက်ဝန်းတစ်ဝိုက်ပြင်ဆင်မှု-

-လက်သူကြွယ် ဒါမှမဟုတ် ဘရပ်ရှ် သေးသေးကို သုံးကာ မျက်လုံးအောက်နဲ့ အတွင်းပိုင်း နေရာတွေကို ကွန်ဆဲလ်လာ သုံးပေးပါ။ မျက်ဝန်းဘေးမှာ အရမ်းညို သူနဲ့ အစက်အပြောက် ရှိသူတွေက အပေါ်ကနေ နောက်တစ်ထပ် သုံးပေးပါ။
-အပေါ်မျက်ခွံပေါ်ကို အညိုရောင် အိုင်းလိုင်နာသုံးပြီး မျက်ရစ်ပေါ်အောင် ခြယ်သ ပေးပါ။ အောက်မျက်ခမ်း ကိုတော့ အညိုရောင်မသုံးပါနဲ့ ပင်ပန်းနေတယ်လို့ ထင်ရစေတာကြောင့်ပါ။ မျက်ဝန်းအိမ် ကျဉ်းသူဆိုရင်တော့ အနက်ရောင် သုံးပေးနိုင်ပါတယ်။
- အိုင်းရှဲဒိုးကို အရောင်ရင့် သုံးမယ့် အစား ရောင်ပြေးနဲ့ အနည်းငယ်လင်းတဲ့ အညိုရောင်မျိုးကို အပေါ်မျက်ခွံတစ် လျောက်ခြယ်ပါ။

-မျက်ခုံးမွေးဆွဲရာမှာ သင့်ဆံသား အရောင်နဲ့ တူညီတဲ့ မျက်ခုံးမွေးဆွဲ ခဲတံအရောင်ကို ရွေးချယ် တာက သင့်မျက်နှာကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
- ခရင်မ်အမျိုးအစား ပါးနီက သင့်ကို ပိုပြီး သဘာဝ ဆန်စေပါတယ်။ ပန်းရောင်နဲ့ အသားရောင် ခပ်ဖျော့ဖျော့ ရွေးချယ်ပါ။
 -ပါးနီကို ပိုပြီး ကြာရှည်ခံအောင် ပေါင်ဒါမှုန့်အနည်းငယ်ကို ဘရပ်ရှ်နဲ့ အပေါ်က ခပ်ပါးပါး ထပ်မံလိမ်းခြယ်ပေးပါ။
-သဘာဝဆန်တဲ့ ပြင်ဆင်မှု မျိုးဖြစ်စေဖို့ လည်ပင်းနေရာတစ်ဝိုက် ကိုလည်း မျက်နှာအတွက်သုံးတဲ့ ဖောင်ဒေးရှင်းထက် အနည်းငယ် အရောင်ရင့် တာကို သုံးပေးပါ။
-နှုတ်ခမ်းက အရေးကြောင်းတွေကို ဖုံးစေဖို့အတွက် သင့်အသုံးပြုမယ့် နှုတ်ခမ်းနီ အရောင်ထက် အနည်းငယ်ရင့်တဲ့ lip liner ကိုသုံးကာ ပုံဖော်ပေးပါ။ နှုတ်ခမ်းနီ အရောင် ကိုတော့ သင့်အသား အရေနဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်ပေးပါ။ စိုပြည်နေတဲ့ နှုတ်ခမ်း တစ်စုံ ကတော့ နုပျိုမှု အသွင်ကို ဆောင်ပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top