Blogger Widgets

Tuesday 14 May 2013

အသက်ကြီးမှကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများ သားမြတ်ကင်ဆာဖြစ်နိုင်ခြေလျှော့နည်း

အသက်ကြီးမှ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်း
ပထမဆုံး အကြိမ် ဓမ္မတာ စတင် ဖြစ်ပေါ်ချိန်ကစပြီး အနည်းဆုံး ၁၅နှစ်ကြာမှ ကလေးယူတဲ့ အမျိုးသမီးတွေ ဟာ သား
မြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၆၀ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ပျမ်းမျှအားဖြင့် အသက် ၁၃နှစ် အရွယ်မှာ ဓမ္မတာ စတင် လာတတ်တာကြောင့် အသက်၂၈နှစ်
အရွယ်မှ ကလေးယူရင် အသက်၅၀မတိုင်ခင် သားမြတ်ကင်ဆာဖြစ်နှုန်း ၆၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာ နှစ်စဉ်သားမြတ်ကင်ဆာရှိသူ အမျိုးသမီးပေါင်း ၄၈၀၀၀ယောက် ခန့်ရှိကြပြီး ၈၀ ရာခိုင်နှုန်း ဟာ အသက်
၅၀ကျော်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၁၅ ရာခိုင်နှုန်းမှာမူ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ ဖြစ်ပြီး
ကုသရခက်ခဲတဲ့ Triple Negative အမျိုးအစားဖြစ်တယ် လို့ဆိုပါတယ်။
ယခင်လေ့လာမှုတွေအရ စောစောစီးစီး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအနေနဲ့ အဖြစ်အများဆုံး သားမြတ်ကင်ဆာ
အမျိုးအစားတွေ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုပေမယ့် ယခုလေ့လာမှုအရ အသက်ကြီးမှ ကိုယ်ဝန်ဆောင် တဲ့ အမျိုးသမီး
တွေအနေနဲ့ Triple Negative အမျိုးအစား သားမြတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ ဆိုပါတယ်။
မိခင်နို့ရည် တိုက်ကျွေးတာဟာလည်း Triple Negative အမျိုးအစားကို ကာကွယ်နိုင်တယ်လို့ သုတေသီတွေ က ပြော
ပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top