14 May 2013
ယနေ့ ၁း၃၀အချိန်က ပြည်မြို့ ပုည စေတီတော် ၊ ပုည ဓမ္မာရုံမှ ဆရာတော် ဦးသောဘိတ အား လုပ်ကြံ အကြမ်းဖက် မှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု သည်
မည်သည့် အစ္စလာမ် ဘာသာဝင်နှင့် မျှ ပါတ်သက် ဆက်နွယ်ခြင်း မရှိကြောင်း နှင့်
ပြစ်မှုကျူးလွန်သူ တရားခံအား ယခုအခါ ဖမ်းဆီး ရရှိမိပြီးဖြစ်ကြောင်း
ပြည်မြို့ ရဲတပ်ဖွဲ့နှင့် ပြည်မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ အား
ဆက်သွယ် မေးမြန်း အတည်ပြုပြီးဖြစ်ပါသည်။
လတ်တလော သိရှိချက် များအရ တရားခံသည် ပန်းရံသမားဖြစ်ပြီး ပစ္စည်း လုယက်မှုကျူးလွန် သတ်ဖြတ် ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သတင်းအပေါ် အခြေပြု၍ ပဋိပက္ခဖန်တီးလိုသူ၊ အကြမ်းဖက် အမှောင့်သမားများ ရန်မှ ကာကွယ်တားဆီးရန် သတင်း အမှန်ကို တင်ပြခြင်းဖြစ်ပြီး ဆက်လက် ဖြန့်ဝေခြင်းအားဖြင့် သတင်းမှားများ ဖန်တီး လှုံ့ဆော်ခြင်းအား တားဆီး နိုင်မည်ဖြစ်ပါသည်။
ဆရာတော်မှာ ယခု ဆေးရုံပေါ်တွင်ဟု သိရပါသည်။ ဆရာတော်အား လုပ်ကြံအကြမ်းဖက်မှုသည် လုယက်မှု သာဖြစ်ပြီး၊ မည်သည့် အစ္စလာမ်ဘာသာဝင်နှင့်မျှ ပါတ်သက်ခြင်းမရှိ၊ အစ္စလာမ် ဘာသာဝင်လည်း မဟုတ်ကြောင်း အတည်ပြုပါသည်။ ပြည်မြို့တွင် ယနေ့ဖြစ်ပွားခဲ့သော ဆရာတော်ဦးသောဘိ အား ဓါးဖြင့်ထိုးသွားသော တရားခံမှာ ရဲဝင်း( ဗမာလူမျိုး ၊ ဗုဒ္ဒဘာသာ)ဖြစ်ကြောင်း ခွဲစိတ်ခန်းမ၀င်ခင် ဆရာတော်မှ မိန့်ကြားသွားခဲ့ပါသည်။
ပြည်မြို့တွင်မေလ(၁၄)ရက်နေ့က နေ့လည်(၂)နာရီခန့်တွင် ရပ်ဘဲရပ်ကွက်ပွင့်လှ သိမ်ကုန်းနယ်မြေ ပုညရှင် ဓမ္မစေတီ ကျောင်းဆရာတော် ဦးသောဘိ သက်တော် (၈၂)နှစ် ဓားထိုးခံရပြီး တရာခံမှာ ရဲဝင်းဖြစ်သည်ဟု ခွဲစိတ်ခန်းကို မ၀င်ခင် ဆရာတော်က မိန့်ကြားသွားခဲ့ကြောင်းသိရသည်။တရာခံမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ရဲများက လိုက်လံဖမ်းဆီးနေပြီး အဆိုပါ အမှု့ကို ရာအိမ်မှုး ဖြစ်သူ ဦးနေ၀င်းက တရားလိုပြု၍ တိုင်ကြားထားပြီး အမှတ်(၂)ရဲစခန်းက (ပ)၃၆၄၊ ပုဒ်မ(၃၂၆)ဖြင့် အမှု့ဖွင့်ထား ခဲ့သည်

No comments :
Post a Comment