Blogger Widgets

Wednesday 28 May 2014

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့

Photo: ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့
Tuesday, May 27, 2014

ရန်ကုန်၊ မေ၂၆- မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ် သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလူထု ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် ၏ ဟောပြောချက်အချို့နှင့်ပတ် သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပ ဒေပါပြဋ် ဌာန်း ချက်များကို သတိပြုလိုက် နာရန်အတွက် အကြောင်းကြားစာ တစ်စောင်ပေးပို့ သတိပေးခဲ့ကြောင်း သိရသည်။

ယင်းအကြောင်းကြားစာကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ၂၂ရက်နေ့ရက်စွဲဖြင့် နိုင်ငံရေးပါ တီအနေဖြင့်ဖြစ်စေ၊ ပါတီဝင်တစ်ဦး ချင်းအနေဖြင့်ဖြစ်စေ မိမိတို့ဝန်ခံ လက်မှတ်ရေး ထိုးထားသည့် သို့မ ဟုတ် ကတိ သစ္စာပြုထားသည့် ဖွဲ့ စည်းပြုစုထားသည့်ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လေးစားလိုက်နာရန်တာ ဝန်နှင့် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးဟော ပြောမှုများ ဖြစ်စေ ရန်တာဝန်များအား သတိပြုဆောင် ရွက်ကြရန် အသိပေးအကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည် သူလူထုနားလည်အောင် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်မှုသည် ရည်ရွယ်ချက်ကောင်းဖြစ်သော် လည်း ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြည်ထောင် စုလွှတ်တော်က ဥပဒေနှင့် အညီပြင် ဆင်ခြင်း မပြုနိုင်သေးမီ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွှတ်တော်အတွင်းပါဝင်နေ သောတပ်မတော် သားကိုယ်စား လှယ် များကို ပြောကြားခဲ့ သည့် ''ကျွန်ုပ် တို့တွေဟာ အာဏာကို မက်မောလို့ အထူးအခွင့်အရေးမက်မောလို့၊ နေ ရာမက်မောလို့ လုပ်နေတာမဟုတ် ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါ တယ်။တိုက်တွန်း တယ်ဆိုတဲ့စကားဟာ တစ် နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှု လို့လဲပြောလို့ရပါတယ်။ ကျွန်မစိန်ခေါ် ပါတယ်''ဟု ပြောဆိုမှုများသည်  အခြေခံဥပဒေမှခွင့်ပြုထားသည့် ဘောင် ကိုကျော် လွန်ရာရောက်ကြောင်း ယင်း အကြောင်းကြားစာတွင် ဖော်ပြထား သည်။

NLD ပါတီသည် ၂၀၁၁နိုဝင် ဘာ၂၅ရက်တွင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်သို့ နိုင်ငံရေး ပါတီတည်ထောင် လိုကြောင်း ဒေါ် အောင်ဆန်းစုကြည် အပါအဝင် ၂၁ဦးဖြင့်လျှော က်ထား ခဲ့ပြီး နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ-၃ (က)အရ ပုံစံ(က)ဖြင့် ကိုယ် တိုင်လက်မှတ်ရေးထိုးလျှောက်ထား သည့်လျှောက်လွှာတွင် ဥပဒေ ပုဒ်မ-၆ ပါ ပြဋ္ဌာန်း ချက် များအား စောင့်ထိန်း လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိ ထိုးထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည်နှင့်အညီလွှတ် တော်ဥက္ကဋ္ဌ ရှေ့မှောက် တွင်ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား(၄)ပါ အတိုင်း ကတိသစ္စာပြုထားသူဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရွေးကောက်ပွဲဌာန ညွှန် ကြားရေးမှူး ဦးသောင်းလှိုင်က ''အဓိ ကတော့ သူတို့ဖွဲ့စည်းပုံနဲ့ပတ်သက် လို့ ဆွေးနွေးပွဲတွေလုပ်တယ်။ ၁၈ ရက်နေ့က အောင်ပင် လယ်ပွဲမှာဟော ပြောရင်း တချို့စကားလုံးတွေက မပြောသင့်ဘူး။ စည်းလုံးညီညွတ်မှုကို ထိခိုက်တဲ့ သဘောလေးတွေရှိ တယ်။ ကော်မရှင်ရဲ့နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ-၆မှာ လဲ အ ချက်ခြောက် ချက်ရှိတယ်။ ပြည်ထောင် စုမပြိုကွဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီလုပ်ဖို့တို့ ဘာသာရေးကို နိုင်ငံရေးမှာအသုံးမချဖို့၊ ပါတီတွေ အနေနဲ့ နိုင်ငံခြား ဩဇာခံ မဖြစ်ဖို့တို့ စသဖြင့်ပေါ့။ ဒါတွေကို လိုက်နာပါ မယ်ဆိုပြီး ပါတီမှတ်ပုံတင်တဲ့အခါ ခံဝန်ချက် ထိုးထားတာရှိတယ်။ အခု ဟောပြောချက်ထဲမှာ တချို့ဟာတွေ က ထိခိုက်နိုင်တဲ့ သဘော တွေရှိတယ်။ ကော်မရှင်ကလဲ ပါတီတွေကို ကြီး ကြပ်ဖို့ရှိတော့ ထုတ်ပြန်ချက်ထုတ်ပြီး သတိပြုပြီး ဥပဒေအရဆောင်ရွက်ဖို့ အသိပေးတာပါ။ ကော်မရှင်က တစ် ဖက်သတ် အတင်း ကျပ်တာ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီတိုင်းကို ဒီလို ဥပဒေအညီလုပ်ဖို့ အသိပေး remind လုပ်တဲ့သဘော ပါပဲ'' ဟု ဒီမိုကရေစီ တူဒေး၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြား သည်။

NLD ပါတီမှ လက်မှတ်ရေး ထိုးထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၆(ခ)တွင် တရားဥပဒေစိုး မိုးရေးနှင့် အေး ချမ်း သာယာရေးအား ထိန်းသိမ်း စောင့်ရှော က်ရေးနှင့် ပုဒ်မ-၆ (ဂ)တွင် ပြည်ထောင်စုသမ္မတမြန် မာ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားလိုက်နာရေးဟုပါရှိပြီး ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ် တော်တွင် ကတိပြုထား သည့်ဖွဲ့စည်း ပုံအခြေခံဥပဒေဇယား (၄)အရ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော် ၏ဥပဒေများကို လိုက်နာပါမည်ဟု ကတိပြုထားခဲ့ကြောင်း အကြောင်း ကြားစာအရ သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၁၂၊ ဖွဲ့စည်းပုံပြင်ဆင် ခြင်းအခန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ကိုပြင် ဆင်လိုပါက လိုက်နာဆောင်ရွက်ရ မည့် ပြဋ္ဌာန်းချက်များအား ပုဒ်မ- ၄၃၃ မှ ၄၃၆အထိပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်များအရ ပုဒ်မ- ၄၃၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းအား ပြည် ထောင်စုလွှတ်တော်တွင် တင်သွင်းရ မည်ဟု အတိ အလင်း ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည်ဖော် မှုကော်မတီအား ဖွဲ့စည်း၍ လွှတ် တော်အတွင်းမှ ဥပဒေနှင့် အညီ ပြင် ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိသည် ကို တွေ့ရကြောင်း ပါရှိသည်။  ယင်းအကြောင်းကြား စာ တွင် ဥပဒေ၏ မူသဘောတရားတွင် ဥပ ဒေတစ်ရပ်အား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းခြင်းမပြုသေးမီ အချိန်အထိ ဥပဒေအရ အတည်ဖြစ် လျက်ရှိကြောင်း ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော်မှ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းခြင်းမပြုသည့် ကာလပတ်လုံး အခြေခံဥပဒေ၏ နိ ဒါန်းနှင့် ဇယားများအပါအဝင် ဥပ ဒေပုဒ်မများအားလုံးမှာ အာဏာ တည်လျက်ရှိကြောင်း ဖော်ပြထား သည်။
အမျိုးသား ဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော်မရှင်နဲ့ တိုက်ရိုက် ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ပါတီတည်းနဲ့ပဲ ပတ်သက် တဲ့ ကိစ္စပါ။ ကော်မရှင်ကလဲ သမာသမတ်ကျဖို့လိုပါတယ်။ စိန်ခေါ် တယ်ဆိုတဲ့အသုံးအနှုန်းက မြန်မာ စကားလုံးမှာ စမ်းဝံ့စမ်းကြည့်စမ်းဆို တဲ့အဓိပ္ပာယ်မျိုး သက်ရော က်ပါ တယ်'' ဟု ပြောဆို သည်။

ဒေါ်အောင်ဆန်းစုကြည် ပြော ဆိုခဲ့မှုနှင့်ပတ်သက်၍ NLD ပါတီ အနေဖြင့် ဥပဒေကြောင်းအရ ပြန် လည်ရှင်းလင်းရန်လိုကြောင်း ဖွဲ့စည်း ပုံအခြေခံဥပဒေပါအချက်အလက် များနှင့် နိုင်ငံရေး ပါတီများမှတ် ပုံတင် ခြင်းဥပဒေများနှင့် ကျော်လွန်ခြင်းရှိ မရှိ တုံ့ပြန်ရန်လိုအပ်ပြီး ကော်မရှင် အနေဖြင့် ဥပဒေကြောင်းအရ အသိ ပေးခြင်းဖြစ်သော်လည်း ဒီမိုကရေစီ ၏အနှစ် သာရ ဖြစ် သည့် လွတ်လပ် စွာပြောဆိုခွင့်အား မချိုးဖောက်မိရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်းဦးက သုံး သပ်ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သည် ကော်မရှင်ဥပဒေ ပုဒ်မ-၁၀(ဋ္ဌ)အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အညီ နိုင်ငံ ရေးပါတီများအား မှတ်ပုံတင်ခြင်း၊ ကြီးကြပ် ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ပြုရန်တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါ တီ သို့မဟုတ် ပါတီဝင်တစ်ဦးက မိမိ ဝန်ခံထားသည့်အတိုင်း ပါတီဥပဒေ ပုဒ်မ- ၆ကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ခြင်း၊ ပုဒ်မ၂၄ (က) အရ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ် ရပ်အား လိုက်နာရန်ပျက်ကွက်ခြင်း တွေ့ရှိပါက ကော်မရှင်က လိုအပ်သည် များကို လိုက်နာဆောင်ရွက်ညွှန်ကြား နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
အဆိုပါအကြောင်းကြားစာပေး ပို့ထားမှုနှင့်ပတ်သက်၍ NLD ပါတီ မှ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့အား ဒီမိုကရေစီတူဒေးမှ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခြင်း၊ ဖုန်းပိတ်ထားခြင်းများရှိခဲ့ ကာ ဦးဝင်းမြင့်နှင့် ဒေါ်နန်းခင်ထွေး မြင့်တို့အား ဆက်သွယ်ရာ၌ ခရီးများ လွန်နေသောကြောင့် ကော်မရှင် ၏အကြောင်းကြားစာအား ဖတ်ရှုရခြင်း မရှိသေးသည့်အတွက် ဖြေဆို၍မရ နိုင်သေးကြောင်း နှစ်ဦးစလုံးမှ ပြောသည်။

၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က  ရန်ကုန်မြို့  ဗဟန်းမြို့နယ် ၊ ဗိုလ်စိန်မှန် ကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်။ ဓာတ်ပုံ - AFP

ကောင်းမြတ်ကျော်၊ လင်းအောင်
dailydemocracytodayရန်ကုန်၊ မေ၂၆- မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ် သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလူထု ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် ၏ ဟောပြောချက်အချို့နှင့်ပတ် သက်ပြီး ...ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပ ဒေပါပြဋ် ဌာန်း ချက်များကို သတိပြုလိုက် နာရန်အတွက် အကြောင်းကြားစာ တစ်စောင်ပေးပို့ သတိပေးခဲ့ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top