မန္တလေး စာပေ ပညာရှင် များနဲ့ စုဖွဲ့ထားတဲ့ တော်ရိလျော်ရိ သံချပ် အဖွဲ့ကို
ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ဖြစ်တဲ့ လင်းလက်ကြယ်စင် လူငယ် ကဏ္ဍများ
ထုတ်လွှင့်ပြ သဖို့ မတ်လ ၂၄ ရက်နေ့က မန္တလေးမြို့ရှိ Canal
Mandalay စားသောက်ဆိုင် မှာ ရိုက်ကူးခဲ့တယ် လို့ သိရပါတယ်။ အဲဒီ
ရိုက်ကူးရေး မှာတော့ လူ ငယ်နဲ့ပတ် သက်တဲ့ အကြောင်း အရာတွေ ကိုပဲ အခု
သံချပ်တိုင် လို့ပြောတဲ့ ကိုသာဇော် က “သံချပ်တွေ ကိုတော့ အစ်ကို တစ်ယောက်
တည်း ပဲ ရေးတယ်။ လူ ငယ်ကဏ္ဍ အတွက် ရိုက် တာဖြစ် လို့ လူငယ်နဲ့ ပညာရေး၊ လူငယ်
နဲ့နိုင်ငံရေး၊ လူငယ်နဲ့ အလုပ်ကိုင် အခွင့် အလမ်း၊ လူငယ်နဲ့ ယဉ်ကျေးမှု အဲဒါ
တွေကို သံချပ်တိုင် ခဲ့တာပါ” လို့ ပြော ပါ တယ်။ နှစ် ၂ဝ ကျော် သံချပ်တွေ
ရပ်ထားခဲ့ရပြီး ၂ဝ၁၂ မှာတော့ သံချပ်တွေပြန်လုပ်ခွင့် ရမရ မသေချာ
တဲ့အချိန်မှာ တော်ရိလျော်ရိ အဖွဲ့က မန္တလေးမြို့တော် စည်ပင် သာယာ ရေး
ကော်မတီ ကို သံချပ်ထွက်ဖို့ စာတင်ခဲ့ ရာက အဆင်ပြေပြီး တော် ရိလျော်ရိ အဖွဲ့
အနေနဲ့ ၂ဝ၁၂ မန္တလေး သင်္ကြန် နဲ့ ၂ဝ၁၃ မန္တလေး သင်္ကြန်တွေ မှာ သံချပ် အဖွဲ့
ထွက်ခဲ့ ပါတယ်။ ၂ဝ၁၄ သင်္ကြန် မှာတော့ တော်ရိလျော်ရိ အဖွဲ့ သံချပ် မထွက်ဖြစ်
ဘူးသိရလို့ မေးကြည့်တော့ “ဒီနှစ်က တော့ ပန်းလို့နားတဲ့ သဘောပါပဲ။ စပွန်
ဆာပေးတဲ့ လူတွေက ရှိပါတယ်။ တာဝန်ခံ လုပ်ရမယ့် လူကမောပါတယ်။ လူတွေကတော့
ထွက်ဖို့ တိုက်တွန်း နေကြတယ်။ လာမယ့် ၂ဝ၁၅၊ ၂ဝ၁၆ ကျ ရင်တော့ ခေတ် ကာလ
ပြောင်းလဲ သွားရင်တော့ ဒီထက်ပို လွတ်လပ် ပေါ့ပါးပြီး ဒီထက် ပိုပြောဆို
လို့ရ မယ် ဆိုရင်တော့ ထွက်ချင်ပါတယ်။ အဲဒီအချိန် ကို စောင့်နေပါတယ်” လို့
ကိုသာဇော် က ပြောကြားခဲ့ပါတယ်။

No comments :
Post a Comment