Blogger Widgets

Wednesday, 15 May 2013

ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။

၁၅-၅-၂၀၁၃
SK (မြန်မာမွတ်စလင်မ်မီဒီယာ)
ရခိုင်မြောက်ပိုင်း စစ်တွေအထက်ဘက်ရှိ ရိုပာင်ဂျာ များအများစုနေထိုင်ရာ မောင်တော နှင့် ဘူးသီးတောင်မြို့များတွင် သက်ဆိုင်ရာ အာဏာပိုင်များက ရခိုင်ဗုဒ္ဓ ဘာသာများကိုသာ မပာာစင် မုန်တိုင်းလွတ်သည့် ဘေးကင်းလုံခြုံရာနေရာများသို့ပြောင်းရွေ့ပေးပြီး အစ္စလာမ်ဘာသာဝင်များကို မှု ဘေးကင်းလုံခြုံရာ သို့ပြောင်းရွေ့ပေးထားခြင်းမရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။အလ္လာပ်ာကိုပဲ အားကိုးတယ်၊ဒီကမောဂ်တွေ(ရခိုင်ဗုဒ္ဓဘာသာဝင်များ)ကိုပဲပြောင်းပေးတာပါ မွတ်စလင်မ်တွေ ကိုပြောင်းပေး   တာမျိုးမရှိပါဘူး “ပာုမာင်တောမြို့မှ ရိုပာင်ဂျာတစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ယမန်နေ့ညတွင်ပြောသည်။
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ   ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်”ပာု မိုးဇလ ပညာရှင်ဒေါက်တာထွန်းလွင်၏ ဖဘ စာမျက်နှာတစ်ရပ်တွင်ဖေါ်ပြထားသည်။
“တကယ်လို့ အစိုးရအနေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့သူတွေကိုနေရာပြောင်းရွှေ့ကယ်တင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကပ်ဘေးသင့်တဲ့လူတွေဟာ သဘာဝကြောင့်ရ တဲ့ ဒုက္ခ မဟုတ်တော့ဘဲ လူရဲ့ ပယောဂကြောင့် ဒုက္ခရောက်သူတွေဖြစ်သွားပါလိမ့်မယ်”ဟု အာရှလူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဘရတ်အဒမ် ကပြောကြောင်း ရိုက်တာသတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏စီစဉ်ဆောင်ရွက်ပေးမှု မရရှိခဲ့သည့် ပေါက်တောမြို့မှ မုန်တိုင်းရှောင် ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာသော စက်လှေ တိမ်းမှောက်   ခဲ့ပြီး အများစုမှာရေနစ်သေဆုံးခဲ့ရပြီးနောက် လူ့အခွင့်အရေးအဖွဲ့များက အထက်ပါ အတိုင်းဝေဖန်ခဲ့ခြင်းဖြစ်သည်

No comments :

Post a Comment

Blogger Widgets
Back to Top