Blogger Widgets

Saturday 4 May 2013

လမ်းလျှောက် နေသူအား နောက်မှ ဆိုင်ကယ်နှင့် တိုက်မိစဉ် တိမ်းမှောက်ပြီး ဆိုင်ကယ် မောင်းသူ သေဆုံး

ပန်းတောင်း မေ ၃
ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာ ပုသိမ်- မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၅၈/၂) အနီး၌ ဧပြီ ၂၉ ရက် ညဦးပိုင်းက ရှေ့မှ လမ်းလျှောက်နေသူအား နောက်မှ ဆိုင်ကယ် ပွတ်တိုက်မိပြီး ဆိုင် ကယ် တိမ်းမှောက် ခဲ့သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ထုံးဘိုဘက်မှ ဥသျှစ်ပင်ဘက်သို့ ယာဉ်မောင်း ဦးထင်ကျော် (ခ)သောင်းမြင့် ၄၂ နှစ် (ဘ)ဦးကျော်ထင်မောင်း နှင်သည့် BASHAL-၁၁ဝ (အနက်ရောင်) ဆိုင်ကယ်အမှတ် ၂၇ယ/…………….. သည် အရှိန်မထိန်း နိုင်ဘဲ ရှေ့တွင်လမ်း လျှောက်သွား နေသူ ဒေါ်တင်ပုအား ပွတ်တိုက်မိပြီး ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာ နောက်စေ့ပေါက်ပြဲ ဒဏ်ရာရရှိပြီး နေရာ၌ပင် သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥသျှစ်ပင်ရဲစခန်းမှ (ပ)၄/၂ဝ၁၃၊ ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top