ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ
ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ်
တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။
စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာ့လွတ်လပ်ရေး
တိုက်ပွဲဝင် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ခဲ့သော
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)
ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။
ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။
ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk ( http://www.irrawaddy.org/burma/suu-kyi-presidency-bring-chaos-says-firebrand-monk.html ) ဆိုတာမှာ ဖော်ပြထားပါတယ်။

No comments :
Post a Comment