Blogger Widgets

Tuesday 7 May 2013

မြိတ် မြို့နယ်အတွင်း အထူးကု ဆရာဝန်ကြီးများ အဖွဲ့ ဒေသခံ ပြည်သူများအား အခမဲ့ ကွင်းဆင်း ဆေး ကုသပေး

မြိတ်    မေ    ၆
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် မဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော အထူးကု ပါရဂူကြီး များနှင့် အထူးကု ဆရာဝန်ကြီးများသည် ယမန်နေ့ နံနက် ၈ နာရီက မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ အုပ်စု ကျွဲကူးကျေးရွာ ချမ်းမြေ့သာရီရပ်၌ အခမဲ့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက် ခဲ့သည်။
အဆိုပါ ဆေးကုသ အဖွဲ့သည် ကျွဲကူးကျေးရွာ ချမ်းမြေ့သာရီရပ်နှင့် အနီးအနားရှိ ကျေးရွာများမှ ကျေးရွာ သူ၊ ကျေးရွာသား ၁၈၁ ဦးအား ခွဲစိတ် အထူးကု ဆရာဝန်၊ အထွေထွေ ရောဂါကု ဆရာဝန်၊  မျက်စိအထူးကု ဆရာဝန်၊ သွား အထူးကု ဆရာဝန်၊ ကလေး အထူးကု ဆရာဝန်များနှင့် ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ဆေးကု သပေးကာ ဆေးဝါးများလည်း အခမဲ့ ပေးဝေခဲ့သည်။
ကျွဲကူးကျေးရွာသည် မြိတ်မြို့မှ ကိုးမိုင်ခန့် ကွာဝေး၍ စန္ဒဝတ် ကျေးရွာအုပ်စုတွင် ကွမ်းသီးချောင်း ကျေးလက် ကျန်းမာရေးဌာန ရှိသော်လည်း အရေးပေါ် လူနာများ ရှိပါက မြိတ်မြို့ ဆေးရုံကြီး များသို့ ဆေးကုသမှု ခံယူရန် မော်တော်ကား၊ မော်တော်ဆိုင်ကယ်ဖြင့် မိနစ် ၃ဝ ခန့် သွားရသော ကျေးရွာဖြစ် ကြောင်း သိရသည်။ ယခုကဲ့ သို့ အထူးကု ဆရာဝန်ကြီးများက ကျေးရွာပြည်သူများ အပေါ် အခမဲ့ ကွင်းဆင်း ဆေးကု သ ပေးခြင်းကြောင့် ပြည် သူများ ဝမ်းသာပီတိ ဖြစ်ရကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top