မန်ယူ
အသင်း နည်းပြကြီး ဖာဂူဆန် အနားယူကြောင်း ကြေငြာခဲ့ပြီးနောက် ယူနိုက်တက်
နည်းပြ အဖြစ် အဲဗာတန် နည်းပြ ဒေးဗစ် မိုယက်စ် မှာ ဖြစ်နိုင်ခြေ အရှိဆုံး
နည်းပြတစ်ဦး အဖြစ် သတင်းများ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ မန်ယူ အသင်းသို့
ဒေးဗစ် မိုယက်စ်သာ အမှန်တကယ် ရောက်ရှိလာပါက လာမည့် ရာသီတွင် လက်ရှိ မန်ယူ
နည်းပြအဖွဲ့ အတွင်း အပြောင်းအလဲများ ဖြစ်လာဖွယ် ရှိနေကြောင်း သတင်းများက
ဖော်ပြသွားခဲ့သည်။ လက်ရှိ မန်ယူ နည်းပြကြီး ဖာဂူဆန် ၏ နည်းပြ အဖွဲ့အတွင်း၌
လက်ထောက် နည်းပြများ အဖြစ် မိုက်ဖီလ်လန်း၊ မူလန်စတီးလ် အစရှိသည့်
နည်းပြအဖွဲ့ဝင်များ ဖြင့် ဖွဲစည်းထားသော်လည်း ဒေးဗစ် မိုယက်စ်သာ မန်ယူ
နည်းပြ ဖြစ်လာပါက လက်ရှိ အဲဗာတန် အသင်း၌ သူနှင့် အတူ လက်တွဲခဲ့သည့် နည်းပြ
အဖွဲ့ဝင်များ ဖြစ်သည့် စတိဗ်ရောင်း၊ ခရစ္စ ဝုဒ် အစရှိသည့် သူ၏ လက်ထောက် နည်းပြများကို ယူနိုက်တက် သို့ တပါးတည်း ခေါ်ဆောင်လာဖွယ် ရှိနေကြောင်း သိရသည်။
ဒါ့အပြင်
ယခုရာသီ အကုန်တွင် အဲဗာတန် အသင်းနှင့် လမ်းခွဲတော့မည့် အသင်းခေါင်းဆောင်
ဖြစ်သည့် မန်ယူ ကစားသမားဟောင်း ဖီးလ် နဗီးလ် အားလည်း သူ၏ နည်းပြ
အဖွဲ့အတွင်း ထည့်သွင်းသွားဖွယ် ရှိနေကြောင်း သိရသည်။ ထပ်မံပြီး မန်ယူ
အသင်းမှ အနားယူတော့မည့် ဂန္တဝင် ကွင်းလယ် ကစားသမား ပေါလ်စခိုး နှင့်
ကစားသမား/နည်းပြ အဖြစ် ကွင်းလယ် ကစားသမား ရိုင်ယန်ဂစ် တို့ကိုပါ သူ၏ နည်းပြ
အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသွားဖွယ် ရှိနေသလို အင်္ဂလန် အသင်း၏ နည်းပြ
အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်
မှာလည်း မိုယက်စ် နှင့် လက်တွဲရန် ရေပန်းစားနေကြောင်း သိရသည်

No comments :
Post a Comment