မန်ယူ
အသင်း၏ ဥက္ကဌဟောင်း တစ်ဦး ဖြစ်သူ မာတင် အက်ဒ်ဝပ် က အသင်း၏ အဓိက မဏ္ဍိုင်များ
ဖြစ်သည့် နည်းပြကြီး ဖာဂူဆန် နှင့် အသင်း၏ အမှုဆောင် အရာရှိချုပ်ဒေးဗစ်
ဂီးလ် တို့ အနားယူသွားခြင်းသည် မန်ယူ အသင်းအတွက် ကျရှုံးမှု တစ်ခု
မဟုတ်ကြောင်း၊ အသင်း အနေဖြင့် မယိုင်မလဲပဲ အကောင်းဆုံး ရှေ့ဆက်သွားနိုင်မည်
ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ မန်ယူ အသင်း၏ အမှုဆောင် အရာရှိချုပ်
ဒေးဗစ်ဂီးလ် သည် ယခုရာသီ အကုန်တွင် မန်ယူ အသင်းမှ အနားယူသွားမည်
ဖြစ်ကြောင်း ယခင်ကပင် ထုတ်ပြန်ကြေငြာထားခဲ့ပြီး ယခုအခါတွင် အသင်း၏ အဓိက
ပဲ့ကိုင်ရှင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ကပါ အနားယူမည် ဖြစ်ကြောင်း
ကြေငြာခဲ့သဖြင့် မန်ယူ အသင်း၏ အနာဂတ် မှာ စိုးရိမ်ဖွယ် အနေအထား ဖြစ်ကြောင်း
ကျွမ်းကျင်သူများမှ သုံးသပ်နေခြင်း အပေါ် မာတင် အက်ဒ်ဝပ်က ပြန်လည်
ဖြေရှင်းခဲ့ပြီး မန်ယူ အသင်း အနေဖြင့်
ယခင်ကလည်း ဂန္တဝင် နည်းပြဖြစ်သူ ဆာ မက်စ်ဘက်စ်ဘီ အသင်းမှ အနားယူခဲ့စဉ်က
အဖြစ်မျိုးကဲ့သို့ ထပ်မံ ဖြစ်ပွားမည် မဟုတ်ကြောင်း ရှင်းလင်းသွားခဲ့သည်။
မန်ယူ
အသင်း၏ ဂန္တဝင် နည်းပြဟောင်း တစ်ဦး ဖြစ်သည့် ဆာ မက်စ်ဘက်စ်ဘီ သည် ၁၉၆၉
ခုနှစ်က မန်ယူ အသင်းမှ အနားယူကြောင်း ကြေငြာခဲ့ပြီး နည်းပြသစ် အဖြစ် ဝှစ်
မက်ဂျီးနပ်စ် ဖြင့် အစားထိုးခဲ့သော်လည်း ရလာဒ်များ ဆိုးရွားခဲ့သဖြင့်
အသင်းအား ခေတ္တ ပြန်လည် ကိုင်တွယ် ပေးခဲ့ရသည်။ ဆာ မက်စ်ဘက်စ်ဘီ မရှိတော့သည်
မန်ယူ အသင်းသည် ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် အသင်းမှာ ယိုင်လဲခဲ့ပြီး
တန်းဆင်းရသည် အထိ ရုန်းကန်ခဲ့ရဖူးသည်။
မာတင် အက်ဒ်ဝပ် က “ဒေးဗစ်
(ဂီးလ်) ဟာ အသင်း အတွက် အကောင်းဆုံး လုပ်ဆောင် ပေးခဲ့တယ်လို့ ကျွန်တော်
ထင်ပါတယ်။ ဆာ အဲလက်စ် လည်း ၂၇ နှစ်တာ ပတ်လုံး အသင်းအတွက် များစွာ
ပေးဆပ်ခဲ့ပြီးပါပြီ။ အသင်းရဲ့ အဓိက အရေးကြီးတဲ့ ပုဂ္ဂိုလ် ၂ ဦး
တစ်ပြိုင်နက်တည်း အသင်းမှာ မရှိတော့တာ အသင်းအတွက် ခက်ခဲတဲ့ အခိုက်အတန့်ပါ။
ဒါပေမယ့် ယူနိုက်တက် မှာ အကောင်းဆုံး ကစားသမားတွေ ပိုင်ဆိုင်ထားဆဲ ဖြစ်သလို
အသင်းရဲ့ အခြေအနေကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေဆဲပါ။ လက်ရှိ ချန်ပီယံ
အသင်းသားတွေနဲ့တင် ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်းရှိသလို အသင်းရဲ့ ဝင်ငွေ
အရပ်ရပ်ကလည်း တောင့်တင်းခိုင်မာနေဆဲပါ။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ စပွန်ဆာ
ဝင်ငွေတွေကလည်း အသင်းကို များစွာ အထောက်အကူပြုနေမှာပါ။” ဟု Sky Sports News သတင်းဌာနသို့ ပြောကြားသွားခဲ့ပါသည်

No comments :
Post a Comment