၃ နှစ်အရွယ် သမီးလေး ဖူးဖူးဟာ အခု လက်ရှိ အရိုးဆေးရုံမှာပါ .. သမီးလေး ဖူးဖူးဟာ တစ်ကိုယ်လုးံ မီးလောင်ခံထား ရပြီး မျက်စိနှစ်ဘက် /ပါးစပ်တွေပိတ် လို့မရ အောင်ဝေဒနာခံစား နေရပါတယ်... တစ်ချို့လက်ချောင်းလေးတွေလည်း မရှိတော့တာ စိတ်မကောင်းစွာတွေ့ခဲ့ရ ပါတယ် ...
အသက်အန္တယ်မရှိတော့ ပေမဲ့ သမီးေ လးဖူးဖူးဟာ နန်းခင် အရိုးဆေးရုံ ရောက်သွာရတဲ့အချိန်မှာ သမီးလေးဟာ တစ်ကိုယ်လုံး မီးလောင်ခံထား လို့ နာကျင်ပြီး ရာသီဥတုပြင်း မှုကြောင့် ကြမ်းပြင်ပေါ်မှာ ဖျာကလေးနဲ့အိပ် နေ တာ တွေ့ခဲ့ရပါတယ်... ဖူးဖူးလေးကို မြင်လိုက်တဲ့အခါမှာ သမီးလေးဟာ အရမ်းသနားစရာကောင်းပြီး စကားတောင်မပြောနိုင်ခဲ့ပါဘူး ....
ဒါပေ မဲ့ဖူးဖူးလေး ဟာ သူ့ပါးစပ်နာနေ ပေမဲ့ နန်းခင်ကို စပြီး မမ တဲ့ .... နန်းခင်ရဲ့မဂ္ဂဇင်း စာအုပ်ပြလိုက်တဲ့ အချိန်မှာ လှလှတဲ့ ... သမီးလေးမှာ စကားအရမ်း ပြောချင်နေပေမဲ့ ကံကြမ္မာရယ် ....
ဒီညမှာဘဲ ဆရာမနဲ့တွေပြီး စကားပြောလိုက်တဲ့အခါ ဖူးဖူး လေးဟာပုံမှန်အနေအထား ကိုရောက်ဖို့ အချိန်အများ ကြီးလိုအပ်အုးံမှာပါ ... ရောဂါပိုး မဝင်အောင် သီးသန့် Air con အခန်းမှာတက်ရောက်ခွင့်ရအောင် ပထမ ဆုံးစီစဉ်ပေးပါမယ် နောက်နေ့တွင် ဆရာဝန် ကြီးများနှင့်ဆွေးနွေးပြီး လိုအပ်သည် များအား ဆက်လက် လုပ်ဆောင် ပေး သွားပါမည်...
နန်းခင်ဇေယျာ

No comments :
Post a Comment