Blogger Widgets

Tuesday 21 May 2013

သီလ၀ါဇုန်ရှိ မြေသိမ်းခံရသူများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်မည်

သီလ၀ါအထူးစီးပွားရေးဇုန်တွင် အသိမ်းခံထားရသော လယ်မြေများအား နိုင်ငံတကာစံနှုန်းအတိုင်းရရှိရန်
ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သီလ၀ါအထူးစီးပွားရေးဇုန်အား တာဝန်ယူဆောင်ရွက်နေသော အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။

သီလ၀ါဆိပ်ကမ်းအတွင်း လယ်သိမ်းခံထားရသော အလွမ်းဆွတ်၊ သီလ၀ါ၊ ဖလမ်း၊ တပ်ရာကုန်း၊ ဘုရားကုန်းနှင့်
ကရတ်ကျေးရွာအပါအ၀င် ရွာပေါင်းခြောက်ရွာမှ တောင်သူ ၁၃ ဦးနှင့် မေလ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“ဒီတစ်ခေါက်တွေ့ဆုံမှုမှာ ထူးခြားတာက ကျွန်တော်တို့လယ်တွေရဲ့ ကွင်းအမှတ်တွေ၊ ပိုင်ရှင်တွေ မှန်
ကန်တယ်ဆိုတာကို လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်တို့လည်း ထိုးပေးလိုက်တယ်” ဟု လယ်သိမ်းခံထား
ရသော တောင်သူ ဦးမြလှိုင်ကပြောသည်။ တောင်သူလယ်သမားများအနေဖြင့် ဥပဒေတွင် ပြဋ္ဌာန်းထားသည့်
ပေါက်ဈေးအတိုင်း လျော်ကြေးရရှိပါက ကျေနပ်ကြမည်ဖြစ်ကြောင်း တောင်သူဦးမြလှိုင်က ပြောသည်။

အဆိုပါကျေးရွာခြောက်ရွာအတွင်း တောင်သူ ၁၃ ဦးထံမှ လယ်ဧက ၈၀ ကျော် သိမ်းဆည်းထားပြီး တောင်သူအချို့မှာ
လယ်များထွန်ယက်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ဧက ၅၀၀၀ ခန့်ကျယ်ဝန်းကာ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်
လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် အစိုးရက စီစဉ်ထား
သည်။

မေ ၁၇ ရက်ညပိုင်းက အဆိုပါစီးပွားရေးဇုန်မျက်နှာချင်းဆိုင်မြေကွက်မှ တောင်သူများနှင့်တပ်မတော်
တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့သေးသည်။ သို့သော် ယင်းမျက်နှာချင်းဆိုင်လယ်မြေများသည်
တပ်မတော်က သိမ်းဆည်းထားသည့် မြေများဖြစ်သဖြင့် လျော်ကြေးရရှိာမည့် ကျေးရွာခြောက်ရွာတွင် ပါဝင်မှု
မရှိဟုသိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top