Monday, May 6, 2013
လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများ သို့ ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ရန် လျာထားေ ကြာင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေ ၄ ရက် တွင် ပြောကြားသည်။ ထိုကဲ့သို့ တင်ပို့နိုင်ရန် အ တွက် ဆန်စပါးသို့ လှောင်ရုံများရာသီမရွေးတင်ပို့နို င်သော အဆင့်မီဆိပ်ကမ်းများတည်ဆောက်ရန်နှင့် အဆင့်မီဆန်စက်များတင်ပို့နိုင်ရန်နိုင်ငံတော်အစိုးရက ကူညီပေးလျက်ရှိကြောင်းလည်း ၎င်းကပြောကြား သည်။
“ရာသီဥတုကလည်း ကောင်းမယ်၊ ဈေးကွက်လည်းကောင်းမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်” ဟုစိုက်ပျိုးရေး ပညာရှင် ဦးတင်ထွဋ်ဦးက သုံးသပ်သည်။
သို့သော်ထိုကဲ့သို့ တင်ပို့ရန်အတွက် လက်ရှိတောင်သူများတွင် တင်နေသော အကြွေးများအား ဆိုင်းငံ့ပေး ရန်၊ သွင်းအားစုများအား ပိုမိုအသုံးပြုနိုင်ရန် ပံ့ပိုးပေးရန်နှင့်ဆန်စက် ပိုင်ရှင်များနှင့် ကုမ္ပဏီများ အား ငွေကြေးထောက်ပံ့ပေး ရန်လိုကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းအသင်းချုပ် အထွေထွေ အတွင်းရေး မှူးဦးရဲမင်းအောင်ကပြောသည်။
“အခုထွက်နေတာက တစ်ဧကကို တင်း ၅၀၊၆၀ ပဲမူဝါဒနဲ့ အကူ အညီပေးရင် ၇၀၊၈၀ ထွက်ဖို့ သိပ်မခဲယဉ်းဘူး။ ဒါဆိုတန်ချိန်တစ်သန်းလောက်ပိုပြီးပို့တာကပြဿနာမရှိဘူး” ဟုဦးမင်းအောင်ကဆို သည်။
ပြီးခဲ့သည် ဘဏ္ဍာနှစ်တွင် စုစု ပေါင်းဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ပြီး အများစုမှာ တရုတ်နိုင် ငံသို့ တင်ပို့ခဲ့သည်။
လက်ရှိတွင် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန်တစ်သိန်း တင်ပို့ရန် စီစဉ်နေပြီး ဂျပန်နိုင်ငံသို့ တန်ချိန် ငါးထောင်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန်ငါးသိန်းတင်ပို့ရန် သဘာတူညီမှုရရှိထားသည်

No comments :
Post a Comment