Blogger Widgets

Friday, 10 May 2013

ရန်ကုန်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မည့် ကုမ္ပဏီများကိုရွေး

ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ်အတွင်းမှ ထွက်ရှိသော အမှိုက်များမှ စွမ်းအင်ထုတ်လုပ်နိုင်ရန် လုပ်ကိုင်ခွင့် လျှောက်ထားသော ကုမ္ပဏီများကို မေလ ၉ ရက်နေ့တွင် ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက မေလ ၈ ရက်နေ့တွင် ပြောကြားသည်။ “အမှိုက်တွေကို အလကား စွန့်ပစ်မယ့်အစား အကျိုးရှိရှိ အသုံးချဖို့ ဒီလုပ်ငန်းကို ဆောင်ရွက်တာပါ” ဟု ၄င်းကရှင်းပြသည်။ စွန့်ပစ်အမှိုက်မှ ဓါတ်ငွေ့ထုတ်လုပ်သည့် လုပ်ငန်းကို လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ၌ ပြုလုပ်မည်ဖြစ်ပြီး၊ ရွှေပြည်သာရှိ ထားဝယ်ချောင် အမှိုက်ပုံမှလည်း လျှပ်စစ်ထုတ်လုပ်မည် ဖြစ်ကြောင်း ယင်းဌာန၏ အတည်ပြုချက်များအရ သိရသည်။ YCDC က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် အကျိုးတူလုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့ရာ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီပေါင်း ၄၀ ကျော် လျှောက်ထားကြောင်း ယင်းဌာန၏ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top