Blogger Widgets

Thursday, 16 May 2013

အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်လာနိုင်သော အက်ရှ်လေကိုးလ်

   ချဲလ်ဆီးနှင့် အင်္ဂလန် နောက်ခံလူ အက်ရှ်လေကိုးလ်သည် ယခုလ ၂၉ ရက်နေ့ အိုင်ယာလန် အသင်းခေါင်းဆောင် အဖြစ် အင်္ဂလန် အသင်းအတွက် ကစားပေးရန် ကမ်းလှမ်းခြင်း ခံရကြောင်း သိရသည်။
  အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်သည် ၀င်ဘလေကွင်းတွင် ကစားမည့် အိုင်ယာလန် အသင်းနှင့် ခြေစမ်းပွဲ အတွက် အသင်း လူစာရင်းတွင် ၀က်စ်ဟမ်း တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ရွေးချယ်မည် ဖြစ်ပြီး ယင်းအသင်းတွင် အသင်းခေါင်းဆောင် အဖြစ် အက်ရှ်လေကိုးလ်ကို ရွေးချယ်မည် ဖြစ်သည်။ အက်ရှ်လေကိုးလ်သည် FA ကို ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၇ လ အကြာတွင် သူ၏ အင်္ဂလန် အသင်းအတွက် ပွဲ ၁၀၀ ပြည့် အမှတ်တရ အဖြစ် ပါဝင်ရန် အတွက် ယခုလို ကမ်းလှမ်းခံရခြင်း ဖြစ်သည်။ ဂျွန်တယ်ရီနှင့် န်တန် ဖာဒီနန်တို့အကြား လူမျိုးရေးခွဲခြားမှုတွင်လည်း ပါဝင်ခဲ့ဖူးသည့် အက်ရှ်လေကိုးလ်ကို ဒဏ်ရိုက်ကာ ပေါင် ၉ သောင်း ပေးဆောင် ချမှတ်ခဲ့သည်။ ယခုလို အက်ရှ်လေကိုးလ်ကို အသင်းခေါင်းဆောင် အဖြစ် ထားမည့် အပေါ် FA က စိုးရိမ်ပူပန်နေသော်လည်း အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်ကမူ အက်ရှ်လေကိုးလ်မှာ အသင်း အတွက် အမြဲတမ်း အသင်းခေါင်းဆောင် အဖြစ်ပင် ထားရှိရန် မဖြစ်နိုင်သော်လည်း လက်ရှိမှာတော့ သူဟာ ယင်းနေရာနှင့် ထိုက်တန်၍ မိမိကိုယ်တိုင် သူ့ကို မေးမြန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်
 
No comments :

Post a Comment

Blogger Widgets
Back to Top