Blogger Widgets

Thursday 16 May 2013

ကိန်းစ်ရုပ်ရှင် ပွဲတော်သို့ တစ်ရက်ကြိုတင် ရောက်လာခဲ့သည့် မင်းသမီးချော နစ်ကိုးကစ်ဒ်မင်း ကိန်းစ်ရုပ်ရှင် ပွဲတော်သို့ တစ်ရက်ကြိုတင် ရောက်လာခဲ့သည့် မင်းသမီးချော နစ်ကိုးကစ်ဒ်မင်း

ဟောလီးဝုဒ် မင်းသမီးချော နစ်ကိုး ကစ်ဒ်မင်းသည် ပြင်သစ်နိုင်ငံ ကိန်းမြို့တွင် မေ ၁၅ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် ကိန်းစ်ရုပ်ရှင် ပွဲတော်သို့ ပွဲတော်ရက် မတိုင်မီ တစ်ရက် အလိုက ကြိုတင်၍ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
နစ်ကိုးသည် တောက်ပသော လက်ပြတ် ဂါဝန်တိုကို ကြော့ရှင်း သပ်ရပ်စွာ ၀တ်ဆင်လာခဲ့ပြီး ကော်ဇောနီပေါ်တွင် ကြိုးသိုင်းဒေါက်မြင့် ဖိနပ်နှင့် စမတ်ကျစွာ လျှောက်လှမ်း လာခဲ့သည်။  ပခုံးအထိ ရှည်သော ရွှေရောင် ဆံပင်ကို စည်းနှောင်ခြင်း မပြုဘဲ မူလအတိုင်း ချထားခြင်းက  သူမကို ရှိရင်းစွဲ အသက်ထက် ပိုမို နုပျိုစေသည်။ နစ်ကိုး ကိုင်လာခဲ့သော အနက်ရောင် လက်ကိုင် ပိုက်ဆံအိတ်က နစ်ကိုး၏ မဟာဆန်သော အလှကို ပိုမိုတင့်တယ် စေခဲ့သည်။
အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သည့် နစ်ကိုးသည် ကိန်းစ်ရုပ်ရှင် ပွဲတော်သို့ တစ်ဦးတည်းသာ လာခဲ့ပြီး ချစ်စရာ ကောင်းသည့် သူမ၏ သမီးလေး နှစ်ဦးအား ဖခင်ဖြစ်သူ ကိတ်အာဘန်နှင့် လော့စ်အိန်ဂျလိစ်မြို့ နေအိမ်တွင် ထားခဲ့ကြောင်း သိရသည်။
ကိန်းစ်ရုပ်ရှင် ပွဲတော်၏ အကဲဖြတ် အဖွဲ့တွင် E.T ဇာတ်ကားဖြင့် အောင်မြင် လာခဲ့သော အော်စကာဆုရှင် အမေရိကန် ဒါရိုက်တာ စတီဗင် စပယ်လ်ဘာ့ဂ်လည်း ပါဝင်ကြောင်း သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top