စာရေးဆရာ၊ ဒါရိုက်တာ၊ တေးရေး၊ တေးဆို အာယု သည် ၂၀၁၃ မေလ ၉၊ ညနေ ၆ နာရီ ၅၀ မိနစ်တွင် လျှာကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရသည်။
''လျှာကင်ဆာဖြစ်နေတာ ၂နှစ်လောက်ရှိပါပြီ၊ ၂နှစ်အတွင်းဘာမှမလုပ်နိုင်ခဲ့ဘူး၊ သူ မဆုံးခင်စာရေးထား တာတွေရှိ တယ်။ အဲ့ဒါလေးတွေသူ့ခေါင်းရင်းမှာကပ်ထားတတ်တယ်။ အဲ့ဒီ စာတွေကို အမှတ်တရ သိမ်း ထားတယ်။ ရက်လည်နေ့မှာဝေဖို့ရှိပါတယ်။ '' ဟု ဦးအာယု၏ သားအကြီးဆုံး အသက် ၃၀ အရွယ် ကိုကြည်သာ ကပြောသည်။

No comments :
Post a Comment