Blogger Widgets

Monday, 6 May 2013

ကြွက်တက်ခြင်းမှ ကင်းဝေးအောင်

Photo: ကြွက်တက်ခြင်းမှ ကင်းဝေးအောင်
===================

May 6, 2013
ဦးစားပေးစားသောက်ရမည့်အစားအစာများကာဗိုဟိုက်ဒြိတ်များ ယူငင်
သုံးစွဲခြင်း၊ ကြွက်သားများဖွဲ့စည်းခြင်းကို အထောက်အပံ့ဖြစ်စေသည့် ပိုတက်ဆီယမ်များများပါသော အစားအစာများ ဦးစားပေးစားသောက်ပါ။ ခရမ်းချဉ်သီးဖျော်ရည်၊ သံပရာရည်နှင့်နွားနို့တွင် ပိုတက်ဆီယမ်များစွာ ပါဝင်သည်။ ဖရဲသီး၊ လိမ္မော်သီးနှင့် ငှက်ပျောသီးများ နေ့စဉ်စားပေးခြင်းဖြင့်
လည်း ကြွက်မတက်အောင် ကာကွယ်နိုင်သည်။ ရေ၀အောင်သောက်ခြင်းဖြင့်
သွေးလည်ပတ်မှုကောင်းစေပြီး ကြွက်တက်စေသည့် အညစ်အကြေးများအား
ဖယ်ရှားပေးနိုင်သည်။

လျှော့စားရမည့်အစားအစာများကော်ဖီ၊လက်ဖက်ရည်နှင့် ဆိုဒါ တို့တွင်
ပါဝင်သော ကဖင်းဓါတ်က ကြွက်သား သွေးကြောများကျဉ်းစေ ပြီး
သွေးအရောက်နည်းစေသည်။ “ကဖင်းလျှော့ထား(decaffeinated)” ဟုစာတမ်းထိုးထားသော လက်ဖက် ခြောက်ထုပ်များကို ဦးစားပေး သောက်
သုံးပါ။

သက်သာစေမည့်နည်းလမ်းကြွက်တက်ပါက ခြေချောင်းများကို အကြိမ်
တစ်ဒါဇင်ခန့် ကွေးချည် ဆန့်ချည်လုပ်ပေးပါ။

သီဟ
Source: Readers’ Digest
Health Updates Journal

တစ်ဒါဇင်ခန့် ကွေးချည် ဆန့်ချည်လုပ်ပေးပါ

No comments :

Post a Comment

Blogger Widgets
Back to Top