ဗြိတိန်နိုင်ငံရှိ South Lakes Wild Animal Park တွင် မေလ(၂၄)ရက်နေ့ညက
အသက်(၂၄)နှစ်အရွယ် Sarah McClay ဟုခေါ်သော တရိစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်း
အမျိုးသမီးဟာ ၎င်းအလုပ် လုပ်ကိုင်နေသော တရိစ္ဆာန်ရုံရှိ ဆူမားတြားကျားများထဲမှ
တစ်ကောင် ကုတ်ဖဲ့လိုက်သောကြောင့် သေဆုံးသွားကြောင်း သိရသည်။
တရိစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် တရိစ္ဆာန်များကို သီးသန့်ခွဲထားသော စနစ်ဟာ ဘာကြောင့် ယင်းအဖြစ်အား မတားဆီးနိုင်ခဲ့သလဲဆိုတာကို ရဲများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
တရိစ္ဆာန်ရုံပိုင်ရှင်ကမူ Sarah McClay က ကျားတွေ လွှတ်ထားတဲ့အချိန်မှာ လုံခြုံရေးစနစ်အား ချိုးဖျက်ခဲ့တာမို့ တရိစ္တာန်ရုံတွင် အမှားအယွင်းမရှိကြောင်း ပြောဆိုခဲ့သည်။
Source : Daily Mail

by burmesehearts

Killed: Keeper Sarah McClay died after being mauled by a tiger at the zoo where she worked

No comments :
Post a Comment