Blogger Widgets

Wednesday 29 May 2013

လားရှိုးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်သော်လည်း ဆူပူ သောင်းကျန်းမှု အရှိန်မပျက်သေး

ယနေ့ ညနေ ၄ နာရီဝန်းကျင်က စတင်၍ ဖြစ်ပွားခဲ့သည့် ဘာသာရေး အကြမ်းဖက်မှုများနောက်ပိုင်း အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပေါ်ပေါက်နေပြီး မြို့ပေါ်ရှိ ဗလီ၊ မိဘမဲ့ကလေးကျောင်းနှင့် အစ္စလာမ်ဘာသာဝင်များပိုင် နေအိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံနေကြရပြီး ဒေသခံ မွတ်စလင်မ်များမှာ တိမ်းရှောင် ထွက်ပြေးနေကြရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
လားရှိုးမြို့ ယနေ့ညမြင်ကွင်း (ဓာတ်ပုံ – အင်တာနက်)
`အစ်ကို အခုလောလောဆယ်တော့ 144 ကြေငြာနေတာ ကြားရပါတယ်။ မီးတွေ ရှို့တာပါ။ ဗလီရော၊ ဗလီနားက မွတ်စလင်မ်ဆိုင်ခန်းတွေရော၊ ဈေးမျက်နှာစာတန်းက ဆိုင်ခန်း တွေရော၊ လမ်းမကြီးတွေပေါ်က ဆိုင်ခန်းတွေရော အားလုံး အဖျက်ခံရပါတယ်။ မီးရှို့ခံရတဲ့နေရာတွေလည်းရှိတယ်။ ဘေးပတ်ဝန်းကျင်က ဗုဒ္ဓဘာသာ ၀င်တွေ က သူတို့အိမ်မီးလောင်ခံရမှာစိုးလို့ ဘုန်းကြီးတွေကို မီးမရှို့ဖို့ တောင်းပန်လိုက်လို့ ဖျက်ရုံဖျက်သွားတာလဲ ရှိတယ်။ ဘုန်းကြီးတွေက လိုက်ထရပ်ကားတွေနဲ့ ညမှောင်တော့မှ ရောက်လာကြတာ။ ညနေပိုင်း လင်းနေတုန်းကတော့ ဟိုလိုလို ဒီလိုလို သတင်းတွေထွက်တယ်။ နဲနဲလဲမှောင်ရော ဗလီကို စပြီးလုပ်တယ်။ ဗလီထဲမှာ နမားဇ် ၀တ်ပြုသူတွေ ပိတ်မိနေသေးတယ်။ ကလေးတွေဆို သေးသေးလေးတွေကို ပါတယ်။ သနားပါတယ်။ ဒီအရွယ်လေးတွေနဲ့ မိဘမရှိလို့ ကျောင်း ရောက် လာတော့မှ ကျောင်းမှာ အသက်လုနေရတယ်။´
လားရှိုးမြို့တွင် ဗလီ (၄)လုံးရှိပြီး ယခု နောက်ဆုံး ည (၁၀)နာရီအချိန်အထိ ဘုန်းကြီးများ ဦးဆောင်တဲ့ ဘာသာရေး အကြမ်းဖက်သောင်းကျန်းမှုများ ဆက်လက် ပြုလုပ် နေဆဲပင်ဖြစ်ကြောင်း သိရပါတယ်။ ယခု အကြမ်းဖက်မှုများနှင့်ပတ်သက် စတင် မဖြစ်ပွားမီ အကြမ်းဖက်ရန် တာဆူနေကတည်းက ဒေသခံ မွတ်စလင်မ်ခေါင်းဆောင် များမှ သက်ဆိုင်ရာသို့ လုံခြုံရေးပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ထိရောက်သည့် ကာကွယ်မှုများ မပေးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်မှုများကို စတင်ဖြစ်ပေါ်စေခဲ့သူ၏ အမည်မှာ `ကိုနေ၀င်း´ ဖြစ်ကြောင်းနဲ့၊ အမျိုးသမီးမှာ မအေးအေးဝင်း အသက်(၃၈)နှစ်ဖြစ်ကြောင်းကို 969 အကြမ်းဖက် ဂိုဏ်း ခေါင်းဆောင် ၀ီရသူမှ ၎င်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားခဲ့ပါတယ်။
အဆိုပါ ကိုနေ၀င်းဆိုသူမှာ ဂေါရခါးကုလားတစ်ဦးဖြစ်ပြီး ၎င်းမှ ပြဿနာအား စတင်ဖြစ်ပွားပြီးနောက် မိမိကိုယ်မိမိ မွတ်စလင်မ်ဟုပြောနေခြင်းကြောင့် လူအုပ်စုမှာ ပို၍ များလာ ခဲ့ ရာတွင် အနီးရှိ ဗုဒ္ဓဘာသာဝင်အိမ်ရှင်တစ်ဦးမှထွက်၍ ၎င်းမှာ ဂေါရခါးကုလားဖြစ်ကြောင်း ပြောကြားခဲ့၍ လူအုပ်စုမှ ရဲစခန်းသို့ အကြောင်းကြား၍ လာ ရောက် ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပါတယ်။
ဂေါရခါးလူမျိုး ကိုနေ၀င်းဆိုသူဟုသတင်းပျံ့နေသော ဓာတ်ပုံ
ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် ရဲတပ်ဖွဲ့များ အပြန်အလှန် အချင်းများခဲ့ပြီးနောက် ဗလီဘက်သို့ ထွက်ခွာလာခဲ့ပြီး ဗလီအား ၀ိုင်း၍ ခဲများဖြင့်ပစ်ပေါက်ကာ စတင်၍ အကြမ်းဖက်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူ မွတ်စလင်မ်တစ်ဦးက အခုလို ပြောပြပါတယ်။
`ကျနော်က မဂ်ရစ်ဗ်နမားဇ် ၀င်ဖတ်တယ်။ ဗလီထဲမှာ ရန်ကုန်က ဆရာတွေ ရောက်နေတယ်။ မောင်ဝ်လာနာ ယာစင်၊ မောင်ဝ်လာနာ အယားစ်၊ ဟာဂျီအာရစ်ဖ်၊ အဟ်မဒ်ဘိုင်တို့ပါ။ နမားဇ်ဖတ်နေတုန်းပဲ ဗလီကို ခဲတွေနဲ့ပေါက်လာတယ်။ နမားဇ်ပြီးပြီးချင်း ကျနော်က ဆရာတို့ ကျနော်နဲ့ လိုက်ခဲ့ပါ။ ဒီထဲမှာနေရင် အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ပြောတော့ ဆရာတွေက ခဏစောင့်ကြည့်ပါလို့ပြောတယ်။ အခြေအနေက ပိုဆိုးလာတာကြောင့် ဆရာတွေကို အပြင်ကိုအတင်းခေါ်ထုတ်တယ်။ ခဲမိုးတွေရွာနေတာကြောင့် ကျနော့်ကိုလဲ တော်တော်ထိတယ်။ ကျနော့်ကားက ဗလီနဲ့ဝေးတယ်။ ကားထဲဝင်ပြေးလိုက်တော့ နောက်က ဆရာတွေ ပါမလာဘူး။ ကျနော့်ကားဆီကိုလဲ လူတွေက လိုက်မလာပါဘူး။ ကျနော်တော် တော်တော်ကြာအောင် စောင့်ကြည့်နေပေမယ့် ဆရာတွေ မတွေ့ရတော့ပါဘူး။ တဖြည်းဖြည်းနဲ့ ကားနားကို လူတွေ ရောက်လာလို့ ကျနော်လဲ ကားကို မောင်းပြေးရတယ်။ ဟိုဆရာတွေအတွက်တော့ ဒိုအာလုပ်ကြပါ´ ဒါကတော့ ကိုယ်တွေ့ကြုံခဲ့ရ သူ ဒေသခံ တစ်ဦးအား ဆက်သွယ်မေးမြန်းချက် ဖြစ်ပါတယ်။
မြန်မာစံတော်ချိန် (၁၀း၄၀)အချိန်တွင် လားရှိုးဒေသသို့ ဆက်သွယ်ခဲ့ရာမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ဗုဒ္ဓဘာသာ အကြမ်းဖက်သမားများမှာ မီးရှို့ဖျက်ဆီးနေဆဲဖြစ်ပြီး၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များမှာလည်း လွတ်လပ်စွာပင် သွားရောက် ကြည့်ရှုနေကြဆဲပင်ဖြစ်ကြောင်း ဒေသခံများက အလင်းမျက်ဝန်းသို့ ဆက်သွယ် ပြောကြားလာကြပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top