Blogger Widgets

Wednesday, 15 May 2013

ကျောက်ဖြူမြို့ရှိ မွတ်စလင် ဒုက္ခသည်များအား အတင်း မောင်းထုတ်နေ

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူ မြို့ရှိ ကျောက်တလုံး မွတ်စလင် ဒုက္ခသည် စခန်းမှ မွတ်စလင် များအား ပေ ၅၀၀ အကွာတွင် ရှိသော တောင်ခြေသို့ နယ်မြေ တပ်ရင်း တစ်ခု ဖြစ်သည့် ခလရ ၅၄၃ မှ ဗိုလ်ကြီး ရဲမြင့်အောင်က လာရောက်၍ အတင်း အဓမ္မ မောင်းထုတ် လျက်ရှိ ကြောင်း သတင်း ရရှိ ပါသည်။

ကျောက်တလုံး ဒုက္ခသည် စခန်းရှိ တန်လျား အခန်းပေါင်း ၄၀၀ မှာ နိုင်ငံ တကာ အကူအညီ ဖြင့်ဆောက် လုပ်ထားခြင်း ဖြစ်ပြီး အခိုင် အမာ ဆောက်လုပ် ထား၍ မုန်တိုင်း ဒဏ်ခံ နိုင်ရည် ရှိသည့် တန်းလျားများ ဖြစ် သည်ဟု ဒုက္ခသည် များပြော ကြားချက် အရ သိရသည်။ ယင်းဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာနှင့် ကမန် ဒုက္ခသည် ၁၇၀၀ ခန့် နေထိုင်လျက် ရှိသည်။ ဗိုလ်ကြီး ရဲမြင့်အောင်မှ ပြောင်းရွှေ့ ခိုင်းသော တောင်ခြေ အောက်တွင် အမိုးအကာ လုံးဝမရှိဘဲ၊ တန်းလျားရှိ ဒုက္ခသည် များ၏ ပစ္စည်းများ ကိုလည်း ယူဆောင် ခွင့်မပြုကြောင်း သိရှိ ရပါသည်။
ဒုက္ခသည် များ၏ ပြောကြား ချက်အရ မုန်တိုင်း သတိပေး ချက်များ ထွက်ပေါ် လာပြီး စစ်တပ်မှ မုန်တိုင်းကို အကြောင်းပြ၍ နိုင်ငံ တကာမှ မုန်တိုင်း ခံနိုင်ရည် ရှိအောင် အခိုင် အမာ ဆောက်လုပ် ပေးထားသည့် တန်းလျား များကို စစ်တပ်မှ သိမ်းယူပြီး တပ်ရင်း မိသားစု များနေထိုင်ရန် စီစဉ်နေ ခြင်းဖြစ်သည် ဟုသိရှိ ရသည်။
ကျောက်ဖြူမြို့တွင် မုန်တိုင်း သတိပေးချက် များထွက်လာ ပြီးနောက် ရခိုင် လူမျိုးများကို အစိုးရ ကျောင်းများ၌ နေရာ ချထားပေး သော်လည်း အစ္စလာမ် ဘာသာဝင် များကိုမူ အမိုး အကာ အောက်မှ အမိုး အကာမဲ့ နေရာသို့ မောင်းထုတ် နေသည်။ ကျောက်ဖြူ မြို့ရှိ မွတ်စလင် ဒုက္ခသည် များမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ရိက္ခာနှင့် အစာရေစာ ချိုတဲ့မှု များကို ကြုံတွေ့ လျက်ရှိ သော်လည်း ပြည်နယ် အစိုးရနှင့် ဗဟို အစိုးရ တို့မှ လျစ်လျူ ရှူ ထားကြောင်း ဒုက္ခသည် များမှ ပြောသည်

No comments :

Post a Comment

Blogger Widgets
Back to Top