Blogger Widgets

Tuesday 21 May 2013

အိုဘားမား က ဦးသိန်းစိန် ကို အိမ်ဖြူ တော် တွင် လက်ခံ တွေ့ ဆုံ

f35db363-ba00-3ffa-88f6-c25ad07cd0f5_002
အမေရိကန် သမ္မတ ဘာရက် အိုဘာမား က မြန်မာ သမ္မတ ဦးသိန်းစိန်  ကို အိမ်ဖြူ
တော် တွင် တွေ့ ဆုံ ရာ တွင် နှစ် နိုင်ငံ စီးပွားရေး နှင့် အခြား ကဏ္ဍ များ ပူးပေါင်း
ဆောင် ရွက် မှု များ ကို ပြော ဆို ဆွေး နွေး ပြီး အမေရိကန် က မြန်မာ ကို အကူ အညီပေး
မည့် အစီအစဉ် များ ကို လည်း  အို ဘား မား က ပြော ဆို ခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမား က မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏
ပြု ပြင် ပြောင်း လဲ ရေး များ ဖော် ဆောင် ရန် အတွက် လို အပ်သည့် ပံ့ပိုး
ကူ ညီမှု များ ၊ အခြေခံ ပြည်သူ့  ၀န်ဆောင် မှု နှင့် ပညာရေး ၊ ကျန်းမာရေး
များ ကို ကူညီ နိုင်ရန် ဆွေးနွေး နေစဉ်
သူက တစ်ဆက် တည်း မှာ ပင် လူ့  အခွင့် အရေး နှင့် နိုင်ငံ ရေး အကျဉ်း
သားများချွင်း ချက် မရှိ လွှတ်ပေး ရေး တို့  ကို တောင်း ဆို ခဲ့သည်။
ဦးသိန်းစိန် သည် သမ္မတ အိုဘားမား နှင့် တစ်နာရီ ကျော် ကြာ တွေ့ ဆုံ ပြီး ယခု
ဂျွန် ဟော့ကင်း တက္ကသိုလ် သို့ ထွက် ခွာ သွား ပြီ ဖြစ်သည်။
လူ မျိုးစု လက် နက် ကိုင် များ တိုက် ခိုက် နေ မှု အတွက် သတိပေး ပြော ကြား ခဲ့ ပြီး
နိုင်ငံ တွင်း ဉ် မွတ်ဆလင် များ အကြမ်းဖက် ခံ နေရ မှု ကို ရပ် တန့်  ရန် သတိ ပေး
ပြောကြား ခဲ့ သည်။
၄၃ နှစ် အတွင်း ပထမ ဦးဆုံး အကြိမ် မြန်မာ သမ္မတ ၏ အမေရိကန် ခရီးစဉ် အိုဘား
မား က သမ္မတ ဦးသိန်းစိန် ၏  ပြု ပြင် ပြောင်း လဲ မှု များ ကို တွန်း အား ပေး ရန် မြန်မာ
ဆို သည့် နိုင်ငံ နာမည် အခေါ် အဝေါ် ကို ခေတ္တ သုံး ခဲ့သည်။
အိုဘားမား အပါအ၀င် ယခင် အမေရိကန် သမ္မတ များ က မြန်မာ အတိုက် အခံ များ ကို
အိမ်ဖြူ တော် တွင် လက်ခံ တွေ ဆုံ ခဲ့သည်။
ထို့  နောက် ဦးသိန်းစိန် သည် ဂျွန် ဟော့ကင်း တက္က သိုလ် တွင် မိန့် ခွန်း ဟော ပြောခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top