Blogger Widgets

Saturday, 11 May 2013

အခြေခံဥပဒေပြင် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

dassk-mecasa-305.jpg
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မတိုင်ခင် အမြန်ဆုံးပြုပြင်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ၃ ရက်ကြာ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
"ကျမတို့အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီကို ပြုပြင်စေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အမြန်ဆုံးပြုပြင်လို့ရှိရင် အကောင်းဆုံးပဲ၊ ဒီလိုအမြန်ဆုံးပြုပြင်လိုက်မှ ၂၀၁၅ ရွေးကောက်ပွဲရောက်တဲ့အခါကျရင် ပြည်သူအများကလည်း ကျေကျေနပ်နပ်ရှိမယ်၊ ယုံယုံကြည်ကြည်ရှိမယ်"
ဒါ့ပြင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှု ပိုမိုရရှိလာမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း နီးစပ်လာမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်လို့ စဉ်းစားတဲ့အခါ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်

No comments :

Post a Comment

Blogger Widgets
Back to Top