Blogger Widgets

Tuesday 28 May 2013

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်း စုကြည် ရှုတ်ချ

Tuesday, May 28, 2013
ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင် ဂျာတွေအနေနဲ့ မိသားစုတစ်စုကို ကလေး၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရ က ကန့်သတ်လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ် သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အင်အယ်လ်ဒီပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတက်ရောက်လာရင်းသတင်းထောက်တွေ နဲ့တွေ့ဆုံပြောကြားရာမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုခွဲခြားဆက်ဆံမှုမျိုးထားရှိတာဟာမသင့်လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီမူဝါဒကို ကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာ သူ့အနေနဲ့ အတည်မပြု မပြောနိုင်သေးဘူးလို့လဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ် လင်တစ်မယားစံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုး စုတွေ ပြဿ နာကြီးထွားလာမှာစိုးရိမ်ပြီး အကောင်အထည်မဖေါ်ပဲ ဆိုင်းငံ့ထားတာဖြစ်ကြောင်းပြောပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top