Thursday, 10 September 2015
ယူရိုခြေစစ်ပွဲ ရလဒ်ဆိုးရွားမှုများကြောင့် ခရိုအေးရှားနည်းပြ နီကိုကိုဗက် ရာထူးမှ ထုတ်ပယ်ခံရ
ပြီးခဲ့သည့် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်(၂)ပွဲတွင် ရလဒ်များ ဆိုးရွားခဲ့မှုကြောင့် ခရိုအေးရှားနည်းပြ နီကိုကိုဗက်အား ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်က ရာထူးမှ ထုတ်ပယ်လိုက်သည်။
နည်းပြ နီကိုကိုဗက်၏ ခရိုအေးရှားအသင်းသည် ပြီးခဲ့သည့် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်(၂)ပွဲတွင် အဇာဘိုင်ဂျန်အသင်းအား (၀-၀)ဂိုးစီသရေနှင့် နော်ဝေအသင်းအား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့်ခရိုအေးရှားအသင်းမှာ ယူရို-၂၀၁၆ခြေစစ်ပွဲ အုပ်စု(H) တွင် တတိယနေရာသို့ ရောက်ရှိသွားပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။
ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆူကာက 'ဘာကူနဲ့ အော်စလိုကို ခြေစစ်ပွဲတွေ သွားမကစားခင်တုန်းက ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။ ဒါပေမဲ့ ရလဒ်တွေက သူ့(ကိုဗက်)အနာဂတ်ကို ဆုံးဖြတ်ခဲ့ပါတယ် ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ခရိုအေးရှားအသင်းသည် အုပ်စု(H)တွင် ရမှတ်(၁၅)မှတ် ရရှိထားပြီး အုပ်စုဗိုလ် အီတလီအသင်းနှင့် (၃)မှတ်၊ အုပ်စုဒုတိယနေရာမှ နော်ဝေအသင်းနှင့် (၁)မှတ် ကွာဟလျက်ရှိသည်။
ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်သည် နည်းပြသစ်အား လာမည့်စက်တင်ဘာလ(၂၁)ရက်တွင် ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရသည်။

No comments :
Post a Comment