Blogger Widgets

Thursday, 10 September 2015

ဆာဖရီတောမှာ နွံနှစ်နေတဲ့ ဆင်ကို ကယ်ခဲ့ပေမယ့်လည်း

Yoyarlay's photo.

 ဇင်ဘာဘွေနိုင်ငံရှိ ဆာဖရီ ဘေးမဲ့တောမှာ တောရိုင်း တိရစ္ဆာန်များစွာ အသက်ရှင်နေထိုင်လျက် ရှိပါတယ်။ ကြီးနိုင် ငယ်နင်း တောထဲမှာ တစ်ကောင်နဲ့ တစ်ကောင် သတ်ဖြတ်စားသောက်လို့ သေတာလည်း ရှိသလို ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်မို့သေရတာလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဆင်ငယ်ဟာ နွံထဲ နှစ်နေ ပါတယ်။
တောလေ့လာ နိုင်ငံခြားသား အဖွဲ့တစ်ဖွဲ့နဲ့ ဂိုက် တို့ဟာ ယင်းဆင်ကို တွေ့ခဲ့ပြီး ကယ်ဆယ်ရေး စတင်ပါတော့တယ်။ ဆင်ဟာ ငယ်ရွယ်သေးပြီး နွံထဲမှာ နှစ်နေတာ ၄ ရက် ကြာမြင့်ပြီ ဖြစ်ပါတယ်။ နေပူထဲမှာ ရေမရ၊ အဆာမရ၊ ပူအိုက်တဲ့ ရာသီဥတုထဲမှာ ကြိုးစားရုန်းပေမယ့် အားကုန်လို့ အရှံးပေးနေတဲ့ ဆင် ဖြစ်ပါတယ်။ ဆင်းရိုင်းတစ်ကောင် ဖြစ်တာကြောင့် အခြားလူ ကူညီပေးသည့်တိုင် သူ့ရဲ့ နှာမေင်းနဲ့ ပုတ်ခတ် ခံရရင်အောင် အရိုးကြိုးနိုင် ပါတယ်။ ဒါကို လည်း သိလျက်နဲ့ လူတစ်အုပ်စုဟာ ကြိုးစားပန်းစား ကယ်ဆယ် ပါတယ်။ လည်ပင်းနဲ့ ကိုယ်ကို ကြိုးကွင်း ခက်ခက်ခဲခဲ ဆွတ်ရပြီး ဆင်ကို ဆွဲထုတ်ဖို့ ကြိုးစားတာ စုစုပေါင်း ၆ နာရီမက ကြာမြင့် ပါတယ်။
ဆင်းကို အပေါ်ရောက်အောင်ကယ်တင်လိုက်နိုင်ပေမယ့် စိတ်မကောင်းပါဘူး။ ၄ ရက်လောက် အဆာပြတ်အားပျော့နေပြီး ဖြစ်တဲ့ ဆင်ဟာ အပေါ်ရောက်ပေပေမယ့် မထတော့ပဲ သူ့နေရာမှာလည်း လှဲချ လိုက်ပါတယ်။ သူ့ကို ကယ်တင်ရန် ကြိုးစားပေမယ့် သေဆုံးရန်သာ နီးဆပ်နေတာကြောင့် လက်လွတ်အရှုံးပေးလိုက်ကြ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ငယ်ကို အသက်ရှင်ရန် ဒုတိယ အခွင့်အရေး ပေးခဲ့တဲ့ လူတစ်အုပ်ရဲ့ ကြိုးစားမှု ဓာတ်ပုံကတော့ ဆိုရှယ်မီဒီယာမှာ ပြန့ှ်နှံ့ လူကြိုက်များခဲ့ ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top