Blogger Widgets

Friday, 23 May 2014

ရာဇာမင်းယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်များ နာမည်ကြီးယာဉ်လိုင်းကို ပိုမိုရွေးချယ်

အမြန်လမ်းပေါ် တွင် ရာဇာမင်း ခရီးသည်တင်
ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက်
ခရီးသည်များ အနေဖြင့် ယာဉ်လိုင်းရွေးချယ်
 စီးနင်း ရာ၌ နာမည်ကြီးယာဉ်လိုင်းများ

ကို ယခင်ကထက် ပိုမိုရွေးချယ် စီးနင်းလာကြကြောင်း သတင်း ရရှိသည်။

နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး ပုံမှန်သွားလာနေကြ သော ခရီးသည်များသည် ယခင် ကတည်းက ကားစီးရာတွင် နာ မည်ရ ယာဉ်လိုင်းများကို ရွေးချယ် စီးနင်းလေ့ရှိပြီး လက်ရှိ အချိန်တွင်မူ ပိုမိုရွေးချယ် စီးနင်းလာကြကြောင်း နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ (အဝေးပြေး) ဦးဝင်းဆွေက မေလ ၂၀ ရက်တွင် ပြောကြားသည်။

‘‘အရင်ကလည်း နာမည်ကြီး ယာဉ်လိုင်းတွေကို ရွေးကြပါ တယ်။ အခုတော့ ပိုရွေးလာကြ တာပေါ့။ ဘာဖြစ်လို့လဲဆိုတာ တော့ မပြောလိုပါဘူး’’ ဟု ၎င်း က ပြောကြားသည်။ ခရီးသည်များသည် လမ်းခရီး၌ ဘေးအန္တရာယ်ကင်းဝေးစေရန်ဝန်ဆောင်မှုပိုကောင်းပြီး ထိန်းထိန်းသိမ်းသိမ်းမောင်း နှင်လေ့ရှိသော ယာဉ်လိုင်းများကို ဦးစားပေးရွေးချယ်လာကြခြင်း ဖြစ်သည်။

‘‘အခုဆိုရင် ပိုက်ဆံပိုပေးရ တာကို ခရီးသည်တွေက မမြင် တော့ဘူး။ သူတို့က စိတ်ချရတယ် လို့ထင်တဲ့ လိုင်းကိုပဲ ရွေးကြ တယ်။ တချို့ဆိုရင် ဒီနေ့မရ လည်း နောက်နေ့မှပဲ လိုက်တော့ မယ်ဆိုပြီး ရက်ရွှေ့ကြတယ်’’ ဟု ကားလက်မှတ်အရောင်းကိုယ် စားလှယ် မသင်းသင်းက ပြော ကြားသည်။

ထို့အပြင် အမြန်မောင်းလေ့ ရှိသော ယာဉ်လိုင်းများ၌ အမြန် လိုသူများ ယခင်က ရွေးချယ် လေ့ရှိကြသော်လည်း ယခုတွင်မူ ရွေးချယ်မှုပုံစံ ပြောင်းသွားကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ခရီးသည်အချို့သည် ယခင်က သွားလာခဲ့ဖူးသော ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်းမှ မောင်းသည့် ယာဉ်လိုင်းများ ရှိ၊ မရှိကိုလည်း စုံစမ်းမေးမြန်းလာကြကြောင်း သိရသည်။

အမြန်လမ်းပေါ်တွင် ကိုယ် ပိုင်ယာဉ်ငယ်များသာမက ခရီး သည်တင်ယာဉ်ကြီးများပါ တိမ်း မှောက်ခြင်း၊ လမ်းဘေးချောက် ထဲ ထိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ ခရီးသွားပြည်သူများ စိုးရိမ်လာ သကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိ သူများကလည်း လမ်းတိုးချဲ့ရန် တံတားများ တိုးချဲ့ရန် စီစဉ်လာ ကြသည်။

 ထို့အပြင် ပြည်ထောင်စု အစိုးရကလည်း နိုင်ငံ့ဝန်ထမ်းများ အတွက် မေလ ၁၆ ရက်မှ စတင် ပြီး တစ်ဦးလျှင် ၃၅၀၀ ကျပ်နှုန်း ဖြင့် နေပြည်တော်မှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ သောကြာနေ့များတွင်  ပို့ဆောင်ပေးနေသည်။

 ရန်ကုန်နှင့် မန္တလေးမြို့များမှလည်း အပတ်စဉ် တနင်္ဂနွေနေ့ညနေ ၆ နာရီ၌ ပြန်လည် ထွက်ခွာပေးလျက်ရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top